အချစ်ရေးတွေထဲမှာ အခက်ခဲဆုံးတွေထဲက တစ်ခုကတော့ ချစ်သူနှစ်ဦး နေရာဝေးပြီး ခွဲနေရတာပါ​။ ဒါကို English လို “Long Distance Relationship” လို့ ခေါ်ပါတယ်။ LDRS တွေက အနေနီးတဲ့ ချစ်သူတွေလောက် တွေ့ရတာ သိပ်မရှိပေမယ့် သူတို့မှာလည်း အားသာချက် ကိုယ်စီရှိပါတယ်။ သင်က LDRS အချစ်ရေးကို ပိုင်ဆိုင်ထားတယ်ဆိုရင် ကောင်းတဲ့ဘက်ကို မြင်နိုင်ဖို့ အကျိုးကျေးဇူးတွေကို သိထားသင့်ပါတယ်။

၁။ တစ်ယောက် အကြောင်း တစ်ယောက် ပိုသိလာတယ်

LDRS တွေရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတစ်ခုကတော့ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာတာပါ။ သူတို့ဟာ မတွေ့ဖြစ်ဘဲ စကားပြောပြီး ဆက်သွယ်ရတာကြောင့် တစ်ယောက် အလေ့အကျင့်ကို ပိုသိကာ ပို ရင်းနှီးလာတတ်ကြပါတယ်။

၂။ ကိုယ့်လက်တွဲဖော်ကို ပိုတန်ဖိုးထားလာတယ်

Long Distance Relationship ကို ရောက်တဲ့အခါ ကိုယ့်ချစ်သူကို အရင်ထက် ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုအာရုံစိုက်လာနိုင်ကာ အနားမှာ ရှိတဲ့အချိန် ပိုအချိန်ပေးတတ်လာပါလိမ့်မယ်။

၃။ မျှော်လင့်စရာလေး တစ်ခုရှိလာတယ်

သင်က LDRS ဖြစ်လာမယ်ဆိုရင် သူနဲ့ ပတ်သက်ပြီး မျှော်မှန်း စိတ်ကူးယဉ်လာတတ်ပါလိမ့်မယ်။ သူနဲ့ ဖုန်းပြောဖို့၊ ခရီးသွားဖို့၊ ပျော်စရာတွေ ဖန်တီးဖို့ စတဲ့ မျှော်လင့်ချက်တွေ ပိုများလာပါလိမ့်မယ်။ ဒီအကြောင်းတွေ တွေးရင်းနဲ့ပဲ သင်ဟာ လူအသစ်တွေ၊ အတွေ့အကြုံသစ်တွေနဲ့ ပိုနေသားကျလာပါလိမ့်မယ်။

၄။ စိတ်ကူးယဉ်စရာ အပြုအမူတွေ

ဝေးကွာနေတဲ့ ချစ်သူတွေက အရင်ထက် ပိုပြီး စိတ်ကူးယဉ်ဆန်ဆန် အပြုအမူတွေ လုပ်လာတတ်ပါတယ်။ လက်ဆောင်လှလှလေးတွေ ပြင်ဆင်ထားတာ၊ စိတ်ကူးယဉ်ဖို့ကောင်းတဲ့ အိုင်ဒီယာတွေကို ပိုစဉ်းစားတတ်လာပါတယ်။

၅။ ဆက်သွယ်ရေးပိုကောင်းလာတယ်

တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားတဲ့အခါ သင်တို့ နှစ်ဦးက အရင်ထက် ပို ဆက်သွယ်လာတတ်ပါတယ်။ တစ်ယောက် ခံစားချက်ကို တစ်ယောက် ပို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါလိမ့်မယ်။

၆။ ဆန္ဒပိုပြင်းပြလာတယ်

မတွေ့ရတာ ကြာတဲ့အခါ သူ့ကို ချစ်တဲ့စိတ်တွေ၊ လွမ်းတဲ့စိတ်တွေ၊ ကြင်နာယုယချင်တဲ့ စိတ်တွေ ပိုများလာတတ်ပါတယ်။ ပြန်တွေ့တဲ့အခါ အရင်ထက် သူတို့က ပိုချစ်တတ်လာပါတယ်။

၇။ အမှတ်တရ ပိုဖြစ်တာတွေ လုပ်ဖြစ်လာတယ်

သင်က ချစ်သူနဲ့ သိပ်မတွေ့ဖြစ်ဘူးဆိုရင် သူနဲ့ တွေ့ရတဲ့ အချိန်တွေကို အရင်ထက် တန်ဖိုးထားတတ်ပါလိမ့်မယ်။ သူနဲ့ ဘယ်နေရာ အသစ်ကို သွားရမလဲ၊ ဘယ်လိုပျော်ရွှင်စရာ၊ အမှတ်ရစရာတွေ လုပ်နိုင်မလဲ စသဖြင့် ပိုတွေးတတ်လာပါတယ်။

အနေဝေးတဲ့အခါ ကိုယ့်အတွက် ကိုယ် ပိုအာရုံစိုက်လာနိုင်ပြီး သူ့ကို ပိုတန်ဖိုးတတ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar