အနီ‌ရောင်ဟာ စိတ်လှုပ်ရှားမှုနဲ့ ဆွဲဆောင်နိုင်ခြင်းကို ကိုယ်စားပြုပါတယ်။ ဆောင်းရာသီမှာ ဝတ်လေ့ရှိတဲ့ ဆွယ်တာကို အနီဘက်နွှယ်တဲ့ကာလာမျိုး ရွေးတာက သင့်ကို ပိုထူးခြားစေနိုင်ပါတယ်။

ဆွယ်တာအနီကို ဖက်ရှင်မိအောင် ဝတ်ဖို့အတွက်ဆို ဝတ်လို့ရနိုင်မယ့် အလွယ်ဆုံး Outfit စတိုင်တချို့အကြောင်းလည်း မျှဝေပေးချင်ပါတယ်။

(၁) အသားရောင် အဝါဖျော့ကာလာနဲ့ တွဲဝတ်ပါ

အနီရောင်ဆွယ်တာနဲ့ တွဲဝတ်သင့်တဲ့ အရောင်တွေထဲမှာ Beige လို့ခေါ်တဲ့ သဲဆန်တဲ့ အဝါနုကာလာမျိုးလည်း ပါပါတယ်။ သဘာဝဆန်ပြီး ဖက်ရှင်အတွဲအစပ်ကိုလည်း ကာလာပိုကြွစေလို့ ဖြစ်ပါတယ်။ Casual ဝတ်မယ်ဆိုရင် အောက်မှာ အသားဖျော့ရောင် Chino နဲ့ Denim Jacket မျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။

(၂) အရောင်မှိုင်း/အရောင်ပြေး ရင့်ရင့် သုံးပါ

အနီနဲ့ လိုက်တဲ့အရောင်တွေထဲမှာ Dark Shade တွေလည်း ပါပါတယ်။ နက်ပြာရောင် Chino ၊ အနက်ရောင် Boots ၊ အနက်ရောင် ရှပ်အင်္ကျီ ၊ မီးခိုးရောင် Coat တို့လိုမျိုး ဖြစ်ပါတယ်။ ဒီအရောင်တွေက ဆောင်းတွင်းမှာ Stylish ဖြစ်စေတဲ့ အရောင်တွေလည်း ဖြစ်ပါတယ်။

အလွယ်ပြောရမယ်ဆိုရင် မီးခိုး Gray ၊ အနီ Red နဲ့ အနက် Black သုံးရောင်တွဲစပ်ပြီး ဝတ်ရင် အတော်လေး ပုံကျစေမှာပါ။

(၃) Jeans နဲ့ ရိုးရိုးပဲ ဝတ်ပါ

အရိုးရှင်းဆုံး Sweater Outfit တစ်ခုက Jean Pant နဲ့ အပေါ်က ဆွယ်တာကို တွဲဝတ်တာပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်က အဝတ်များကြသလို လူကြိုက်လည်း အတော်များပါတယ်။ အချိန်မပေးနိုင်သူတွေအတွက် အလွယ်ဆုံးဖက်ရှင်လည်း ဖြစ်ပါတယ်။