အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ မိတ်ဆွေဖွဲ့တာက ပိုခက်ခဲလာတတ်ပါတယ်။ ရှက်တတ်တဲ့ မိန်းကလေးတွေအတွက် မိတ်ဆွေဖွဲ့တာက ပိုခက်ခဲနေတတ်ပါတယ်။ ကိုယ်က သူငယ်ချင်းလိုချင်ရင်တောင် သူစိမ်းတွေဆီ ချဉ်းကပ်ဖို့က တော်တော်ကို မလွယ်တဲ့ ကိစ္စ ဖြစ်နေတတ်ပါတယ်။ ဒီတော့ ရှက်တတ်တဲ့ မိန်းကလေးတို့အတွက် မိတ်ဆွေ အလွယ်တကူ ဖွဲ့နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အလုပ်ကနေ စတင်ပါ

အလွယ်ဆုံး မိတ်ဆွေဖွဲ့နိုင်တဲ့ နေရာကတော့ အလုပ်ခွင်ပါ။ အနီးဆုံးမှာ ရှိသူတွေနဲ့ အရင်မိတ်ဆွေဖွဲ့သင့်ပါတယ်။

၂။ စကားမပြောတာ ကြာတဲ့သူငယ်ချင်းတွေကို ပြန်ခေါ်ပါ

ရှက်တတ်တဲ့ ပျိုမေအများစုက မာနကြီးတာ မဟုတ်ဘဲ မချဉ်းကပ်ရဲတာပါ။ မိတ်ဆွေအသစ်မဟုတ်ဘဲ အရင်က သိခဲ့ဖူးတဲ့သူတွေကို ပြန်ခေါ် ကြည့်နိုင်ပါတယ်။ ဒီကနေလည်း သူငယ်ချင်းအရင်းတွေ ပြန်ရှာနိုင်ပါတယ်။

၃။ သက်တောင့်သက်သာ မဖြစ်တဲ့ အခြေအနေထဲကို ဝင်ပါ

ရှက်တတ်တယ်၊ သက်တောင့်သက်သာ မဖြစ်ဘူးဆိုတာ သိပေမယ့် ဒီအခြေအနေထဲကိုပဲ ရောက်အောင် သွားသင့်ပါတယ်။

၄။ ဝါသနာအသစ်တစ်ခု မွေးပါ

အပြင်ထွက်ပြီး လေ့လာရတဲ့ ဝါသနာတစ်ခုကို ရှာဖွေပြီး သင်ယူသင့်ပါတယ်။ ဒီကနေ မိတ်ဆွေ အသစ်တွေ တွေ့နိုင်ပါတယ်။

၅။ ပြုံးပြပါ

တစ်ခါတလေ စကားပြောစရာမလိုဘဲကို လိုအပ်တဲ့ အရာတစ်ခုကတော့ ပြုံးပြတာပါ။ သင့်ကို ပြန်မပြုံးပြမှာ ကြောက်တဲ့စိတ်ကို ဖယ်ပြီး မျက်မှန်းတန်းမိတဲ့ လူတစ်ယောက်ကို စပြုံးပြသင့်ပါတယ်။

၆။ အပြင်ထွက်တာနဲ့ လူတစ်ယောက်နဲ့ စကားပြောမယ်လို့ ဆုံးဖြတ်ပါ

Comfort Zone ထဲက ထွက်တဲ့အနေနဲ့ အပြင်တစ်ခါ ထွက်တာနဲ့ တစ်ယောက်ယောက်နဲ့ စကားပြောမယ်လို့ သတ်မှတ်ထားသင့်ပါတယ်။

၇။ ပွဲတွေကို တက်ပါ

မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေနဲ့ ဆုံနိုင်ဖို့ အိမ်မှာပဲ မနေဘဲ ပွဲတွေကို သွားသင့်ပါတယ်။

၈။ သူငယ်ချင်းတွေကိုပဲ သူတို့ အသိတွေကို ခေါ်လာဖို့ တောင်းဆိုပါ

သင်က မိတ်ဆွေအသစ်တွေ လိုချင်တယ်ဆိုရင်တော့ သင့်မှာ ရှိပြီးသား သူငယ်ချင်းတွေကနေတဆင့် သူတို့နဲ့ သိတဲ့၊ ရင်းနှီးသူတွေကို ခေါ်လာဖို့ အကူအညီတောင်းသင့်ပါတယ်။ ဒီလိုဆိုရင် သင်အရင်ထက် မိတ်ဆွေ ပိုတိုးလာပါလိမ့်မယ်။

၉။ လူအုပ်စုအဖွဲ့ထဲ ပါဝင်ပါ

သင်က မိတ်ဆွေများဖို့ ရည်ရွယ်ချက်ရှိရင်တော့ စုပေါင်းလုပ်ရတဲ့ အသင်းအဖွဲ့တွေထဲ မဖြစ်မနေ ဝင်သင့်ပါတယ်။

၁၀။ Gym ဆော့ပါ

Gym ကတော့ မိတ်ဆွေ အများကြီး ရနိုင်မယ့် နေရာကောင်းပါပဲ။ ရှက်တတ်သူတွေအနေနဲ့ ကျန်းမာရေးကောင်းစေမယ့်အပြင် မိတ်ဆွေသစ်တိုးမယ့် အကျိုးကျေးဇူး နှစ်မျိုး ရနိုင်ဖို့ Gym ကို Join သင့်ပါတယ်။

၁၁။ စကားစပြောပါ

သင့်ဘက်က ခင်ဖို့ ကောင်းတယ်လို့ တွေးထားတဲ့ သူတစ်ယောက်ကို တွေ့ရင် မရှက်ဘဲ သင့်ဘက်က စကားစပြောကြည့်သင့်ပါတယ်။

၁၂။ ကိုယ့်ပုံစံအတိုင်းပဲ နေပါ

အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးအများစုက ရှက်တတ်သူတွေရဲ့ မျက်နှာဖုံးနောက်မှာ ဖုံးကွယ်နေတတ်ပါတယ်။ သင့်ပုံစံအတိုင်းပဲ နေထိုင်ပြီး မိတ်ဆွေသစ်တွေဆီ ချဉ်းကပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myamar