ကလေးအမေတွေ တော်တော်များများ သူတို့ရဲ့ကလေးတွေကို တော်စေ ထက်စေချင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ကလေးပြုစုပျိုးထောင်နည်းက လွဲမှားနေတတ်ကြတယ်။ ဒီနေ့တော့ ကောင်းတယ်လို့ ယူဆထားကြတဲ့ ကလေးဆုံးမပုံဆုံးမနည်းတွေကို ဖော်ပြပေးလိုက်ပါ။

တစ်ချို့မိသားစုတွေဟာ သူတို့ရဲ့ကလေးတွေကို ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အသိတွေထည့်ပေးထားကြတယ်။ ဒီလိုကလေးတွေက ဘဝမှာအောင်မြင်သွားတာ များပါတယ်။ ဒါပေမယ့် ကလေးတွေကို သူတို့ကိုယ်တိုင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အသိလေးတွေ ပိုပြီးအရေးကြီးပါတယ်။

အကုန်လုံးက အစပိုင်းမှာခက်ခဲတယ်

အကယ်၍ ကလေးက ဝါသနာပါရာ တခုခုစလုပ်ပြီဆိုရင် သူတို့ကို အားပေးထောက်ခံမူတွေ ပေးသင့်ပါတယ်။ တခုခု အမှားလုပ်မိတာဖြစ်ဖြစ် အခက်အခဲတွေ ကြုံရတာဖြစ်ဖြစ် မိဘတွေ မောင်နှမတွေအနေနဲ့ အစပိုင်းမှာ အားလုံးက ခက်ခဲတတ်ကြောင်း ဆုံးမသွန်သင်ပေးသင့်ပါတယ်။

ရှုပ်ရှုပ်ပွပွနေတာကို လက်ခံပေးရမယ်

ကလေးတွေက အမြဲတမ်းလိုလို ကမောက်ကမ နိုင်တာတွေလုပ်တတ်ကြတယ်။ ပညာရှိတဲ့ မိဘတွေက ဒါကို အနှောက်အယှက်တခုလို့ မရှု့မြင်ကြဘူး။ မိဘတွေက ကလေးတွေဟာ မသိတတ်သေးတဲ့အရွယ်ဖြစ်တာကြောင့် ရှုပ်ရှုပ်ပွပွနေတာ ပစ္စည်းတွေဖွတာ အစရှိတဲ့ အရာတွေအပေါ် နားလည်ပေးကြတယ်။ ကလေးတွေကို နေချင်သလိုနေခိုင်းပြီး သန့်ရှင်းသပ်ရပ်မှုရဲ့ အရေးကြီးတဲ့အကြောင်းတွေကို ဆုံးမလေ့ရှိကြတယ်။

စွမ်းအင်တွေက တဖြည်းဖြည်းကုန်းခန်းသွားတတ်တယ်

တစ်ချို့မိဘတွေကို သူတို့ကလေးတွေကို “ဟိုအပေါ်မတတ်နဲ့၊ ဒါကိုမထိနဲ့၊ ငြိမ်ငြိမ်လေးနေ” စသဖြင့် တစ်နေကုန် လိုက်ပြီးပြောနေတတ်ကြတယ်။

ပညာရှိတဲ့ မိဘတွေကတော့ သူတို့ကလေးတွေ ငယ်ရွယ်တုန်းမှာ လုပ်ချင်တာကို လုပ်ခွင့်ပေးတတ်ကြတယ်။ ဒီလိုကလေးတွေဟာ အချိန်တန်အရွယ်ရောက်လာတဲ့အချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းလာတတ်ကြတယ်။

လွတ်လပ်မှု

တီထွင်ဉာဏ်ရှိတဲ့ ကလေးတွေတော်တော်များများဟာ လွတ်လပ်ခွင့်တွေ အများကြီးရှိတဲ့ကလေးတွေဖြစ်တာများပါတယ်။ သူတို့မိဘတွေက ကလေးတွေ နံရံပေါ်မှာ ပုံတွေဆွဲတာကို စိတ်မဆိုးတဲ့အပြင် ကလေးတွေက အနာဂက်မှာ အနုပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့တောင် မြင်တတ်ကြတယ်။

ဒါပေမယ့်လည်း ကလေးတွေကျော်လာလို့မရတဲ့ စည်းဆိုတာရှိပါတယ်။ ဒါကတော့ မိသားစုဝင်တွေကို မလေးမစားလုပ်ခြင်းပါပဲ။ မိဘတွေကို နုတ်အားဖြင့်သော်လည်းကောင်း အမူအရာအားဖြင့်သော်လည်းကောင်း စော်ကားလာပြီဆိုရင် ဒဏ်ပေးတဲ့စနစ်ကို ကျင့်သုံးသင့်ပါတယ်။

မိမိကိုယ်ကိုထိန်းချုပ်ခြင်း

ကလေးတွေဆီကနေ တခုခုကိုပြန်ယူပြီး အပြစ်ပေးခြင်းအစား မှန်ကန်တဲ့လုပ်ရပ်တွေအတွက် ဆုပေးတဲ့စနစ်ကိုကျင့်သုံးသင့်ပါတယ်။ ဒါဆိုရင် ကလေးတွေက မှန်ကန်တဲ့လုပ်ရပ်တွေကို မိမိဘာသာ စဉ်းစားပြီး လုပ်လာကြပါလိမ့်မယ်။