မိတ်ကပ်လိမ်းတဲ့အခါမှာတချို့က Makeup Brush တွေနဲ့ လိမ်းကြပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာတင်မဟုတ်ဘူး Eyeshadow ခြယ်တဲ့အခါ၊ မျက်ခုံးမွှေးဆွဲတဲ့အခါ၊ ပါးနီခြယ်တဲ့အခါမှာလည်း Brush တွေသုံးရတာပါပဲ။ ဒီလို အလှပြင်တဲ့အခါမှာသုံးတဲ့ Brush တွေအကုန်လုံးကို နည်းလမ်းမှန်မှန်နဲ့ ပုံမှန်လေးသန့်စင်ပေးမှ ကိုယ့်မျက်နှာမှာ ဖုတွေမထွက်မှာပါ။

နည်းလမ်းမှန်မှန်နဲ့သန့်စင်ဖို့ ခွက်တစ်လုံးထဲကို ရေနွေးထည့်လိုက်ပါ။ ကိုယ်တိုက်ဆပ်ပြာရည် (သို့) ခေါင်းလျှော်ရည်ကို တစ်စက်ထည့်ပါ။ ပြီးတာနဲ့ကိုယ်အလှပြင်တဲ့အခါမှာသုံးတဲ့ Brush တွေအကုန်လုံးကို ထည့်ပြီး မွှေလိုက်၊ လှုပ်လိုက် လုပ်နေပေးပါ။

Brush မှာကပ်နေတဲ့ ချေးတွေ၊ အညစ်အကြေးတွေ ပျော်ကျသွားတာ တွေ့ရပါလိမ့်မယ်။ အပြင်ထုတ်ပြီး Brush တွေကို လက်ချောင်းလေးတွေနဲ့လည်း သန့်စင်ပေးပါ။ သေချာသန့်စင်ပြီးရင် ရေးအေးနဲ့ပဲ အညစ်အကြေးတွေ ပြောင်တဲ့အထိ ရေဆေးချပေးပါ။

အားလုံးပြီးရင် Brush ကို မြန်မြန်ခြောက်အောင် Dryer မှုတ်တာမျိုးမလုပ်ပါနဲ့။ Towel အသန့်ကို ကိုယ့်အိမ်ထဲမှာပဲ နေရောင်ရတဲ့နေရာမှာ ခင်းထားပြီး အဲ့အပေါ်မှာမှ Brush တွေကို တန်းစီပြီး နေပြလှန်းထားပါ။ အပြင်မှာထုတ်လှန်းရင် ဖုန်တွေပြန်ကပ်သွားပါလိမ့်မယ်။ နှစ်ပတ်တစ်ခါလောက် ကိုယ်သုံးတဲ့ Brush တွေကို ဒီလိုလေးသန့်စင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။