မင်္ဂလာပါ… ပျိုမဒီတို့ရေ…. အနက်ရောင်ဆိုတာ ဖက်ရှင်ကာလာတွေထဲမှာ အရေးကြီး မရှိမဖြစ်တဲ့ ကာလာလို့ဆိုရင်လည်း မမှားပါဘူးနော်။ အနက်ရောင်ကို ကြိုက်တဲ့ကာလာတွေနဲ့ တွဖက်ဝတ်ဆင်နိုင်တာကြောင့် လိုက်ဖက်တဲ့ကာလာ ရွေးချယ်တဲ့အချိန်တွေကို အများကြီးလျော့ချနိုင်သလို   အပေါ်အောက် တွဲဖက်၀တ်ဆင်ရင်လည်း လူကို ပိန်သွယ်တယ်လို့ထင်စေပြီး ဖက်ရှင်ကျနေဆဲပါပဲ။

အဆင့်အတန်းမြင့်တဲ့ ညနေခင်းပွဲတွေကနေ Night Out ထွက်တာမျိုးတွေအထိ နေရာတိုင်းနဲ့လိုက်ဖက်တာ အနက်ရောင်ပါ။ တစ်ခုသတိထားဖို့က ဒီလိုအနက်ရောင်ကို ဝတ်ဆင်တဲ့အခါ သတိထားရမယ့်အချက်လေးတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ သူနဲ့လိုက်ဖက်တဲ့ လက်သည်းအရောင်ကို ရွေးချယ်ဖို့ပါပဲ။

Classic Reds

အနက်ရောင်ဝတ်စုံအတွက် ဂန္တဝင်ဆန်တဲ့ အနီရောင်လက်သည်းတွေက ရိုးရိုးရှင်းရှင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ။

Bright Neons

နီယွန်အစိမ်းရောင်၊ လိမ္မော်ရောင်၊ အဝါရောင် သို့မဟုတ် ပန်းရောင် – အထူးသဖြင့် ပူအိုက်တဲ့ နွေရာသီလတွေမှာ  အနက်ရောင်ဝတ်စုံကို တောက်ပသောနီယွန်တွေနဲ့ တွဲဖက်လိုက်ပါ။

Deep Vampire Purples

အနက်ရောင်ဝတ်စုံနဲ့လိုက်ဖက်တဲ့ လက်သည်းအရောင်တွေကိုပြောတဲ့အခါ ချန်ထားလို့မရတာက ခရမ်းရောင်ပါ။ အနက်ရောင်ဝတ်စုံနဲ့  ခရမ်းရောင်လက်သည်းတို့ရဲ့တွဲဖက်မှုကို မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။

Glittery Golds

မွေးနေ့များ၊ နှစ်ပတ်လည်များတို့လိုပျော်စရာကောင်းပြီးဂန္ထဝင်ဆန်တဲ့ အခမ်းအနားတွေအတွက်ဆို အနက်နဲ့ရွှေကို ပေါင်းစပ်ထားလိုက်ပါ။ အချိန်အခါနဲ့ လိုက်ဖက်တဲ့အလှကို ပိုင်ဆိုင်နေမှာပါ။

Simple Blacks

ညနေခင်းတွေမှာ ကိုယ်ပိုင်စတိုင်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက အနက်ရောင်ဝတ်စုံလေးကို Matte သို့မဟုတ် တောက်ပတဲ့ အနက်ရောင်လက်သည်းများနဲ့ တွဲဖက်လိုက်တာပါ။