Forrest Gump စကားကို ငှားသုံးရမယ်ဆိုရင်တော့ဖြင့် အချစ်ဆိုတာ ချောကလက်ဗူးလေးတွေလိုပဲ။ ကိုယ်ဘာကိုရမလဲ မသိရဘူးဆိုတဲ့အတိုင်း ပြောရမှာပါ။ ကိုယ်ရလိုက်တဲ့ အချစ်ဟာ ခါးသီးစရာ အိပ်မက်ဆိုးတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ ပျော်ရွှင်ချိုမြိန်တဲ့ အချစ်ရေးလည်း ဖြစ်ချင်ဖြစ်မယ်။ တကယ်လို့ခါးသီးစရာ ဘဝနဲ့ချစ်သူက ထားသွားခံရတဲ့ သူဆိုရင်တော့ ကိုယ်နဲ့အချစ်အကြားမှာ အကြောင်းတရားတစ်ချို့အဆင်မပြေခဲ့ပုံပါပဲ။

ကိုယ်ကသူ့ကို စိတ်အနှောင့်အယှက်ပေးလို့

ကိုယ့်မှာ သူ လုံးဝမကြိုက်တဲ့ အကျင့်ဆိုးကြီး တစ်ခုခု ရှိနေသလား။ ဥပမာ- ရုပ်ရှင်ကြည့်ပြီဆိုရင် ထမင်းမေ့ဟင်းမေ့ ချစ်သူကို ပစ်ထားမိတာမျိုး ၊ စကားပြောရင် အနိုင်လိုစိတ်နဲ့ပြောတတ်လို့လား။ အလိုက်ကမ်းဆိုး မသိဘဲ သူ့အလုပ်ချိန်မှာ ဖုန်းတွေ တဂွမ်ဂွမ်ဆက်တာမျိုးလား…သူ မကြိုက်တဲ့ ဘော်ဒါတွေနဲ့ Night Out ထွက်ပြီး လျှောက်ကဲမိလို့လား။

မျက်နှာများလို့လား

ဒါမျိုးကတော့ ဘယ်ရည်းစားကမှ ကြိုက်မှာ မဟုတ်ပါဘူး။ အတိတ်တစ်ခုမှာ ရည်းစားတွေ ထည်လဲတွဲခဲ့တယ်ဆိုရင်တော့ အခုချိန်မှာ ကိုယ့်ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မညွှတ်တာဟာ အကောင်းဆုံးပါ။

သူမှာတစ်ခြား စိတ်ဝင်စားရမယ့်သူ ရှိလို့လား

Relationship တစ်ခုဟာ တစ်ယောက်တစ်နေရာစီ အလှမ်းကွာနေချိန် ကိုယ်က သူ့ကိုအချိန်ပေးပြီး အမြဲ မတွေ့နိုင်ချိန်မှာ ရင်နာစရာတွေ ဖြစ်သွားတတ်ပါတယ်။ LDRS တွေအတွက် သစ္စာနဲ့သံယောဇဉ်တွေကပဲ အချစ်ရေး တည်မြဲဖို့ကျားကန်ပေးနိုင်ပါတယ်။တကယ်လို့ချစ်သူနှစ်ဦးအကြား တတိယလူ ရောက်လာခဲ့ပြီဆိုရင်တော့ တစ်ယောက်ယောက်ကတော့ ချန်ထားခံရတော့မှာပါ။

သူ့အသိုင်းအဝိုင်းက ကိုယ့်ကို သဘောမကျလို့လား

ဒီအချက်ဟာလည်း ချစ်သူနှစ်ဦးအကြား ဝေးကွာသွာစေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။ ယောကျ်ားလေးအများစုဟာ သူတို့သူငယ်ချင်း အသိုင်းအဝိုင်းနဲ့ မိဘဆွေမျိုးတွေရဲ့ အမြင်ကို အရေးကြီးတယ်လို့ ခေါင်းထဲထည့်ထားတတ်သူတွေပါ။ သူ့သူငယ်ချင်းတွေက ကိုယ််််််််််နဲ့ပေါင်းရသင်းရတာ ခက်ခဲသူတွေဖြစ်နေရင် အဆင်မပြေဖို့များပါတယ်။

ပေါ့ပျက်ပျက်နေတယ်

အခုလိုခေတ်ကြီးထဲမှာ အနာဂါတ်လည်းမရှိ၊ လက်ကြောတင်းတင်းနဲ့ အိမ်အလုပ်ဖြစ်ဖြစ် လူမူရေးဖြစ်ဖြစ် ဘာမှနားမလည်တာ၊ ရိုးသားမှုလည်းမရှိရင် ဘယ်အမျိုးသားကမှ ရှေ့လျှောက် လက်တွဲဖို့စိတ်ကူးမရှိတော့ပါဘူး။ ရှိသမျှအိမ်အလုပ် သိမ်းကြုံးလုပ်တတ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ ကိုယ့်ရဲ့အိမ်ထောင်ကို သေချာထိန်းမသိမ်းတတ်တဲ့ အမျိုးသမီးတစ်ယောက်ကို ရေရှည်ချစ်နိုင်ဖို့ဟာ သူတို့အတွက် တကယ်ခက်ပါတယ်။