ဆံသားတွေ ပျက်စီးနေပြီး ဆံသားခြောက်သွေ့နေပြီဆိုရင် ဘာသုံးရမလဲဆိုပြီး အသည်းအသန်ရှာ၊ ပိုက်ဆံတွေအများကြီး အကုန်ခံနေမယ့်အစား သံလွင်ဆီကိုသုံးကြည့်ပါ။ သဘာဝသံလွင်ဆီစစ်စစ်က ပျက်စီးခြောက်သွေ့နေတဲ့ဆံသားအတွက် အမှန်တကယ်အကျိုးရှိစေပါတယ်။

Hydrating

ဆံသားခြောက်သွေ့တဲ့သူတွေအတွက် သံလွင်ဆီက hydrating အပြည့်အဝကို ပေးနိုင်ပါတယ်။ သံလွင်ဆီကို ပုံမှန်သုံးပေးခြင်းက ဆံသားခြောက်သွေ့တာကို သက်သာစေပြီး ဆံသားတောက်ပြောင်စေတယ်။ လိုအပ်တဲ့အဆီဓာတ်ကို ရရှိစေတယ်။ ဆံသားနူးညံ့ပျော့ပျောင်းပြီး ဆံသားရှုပ်ထွေးတာမျိုးလည်း မဖြစ်တဲ့အတွက် ရှင်းရတာလွယ်ကူစေပါတယ်။

ဆံသားသန်စွမ်းစေတယ်

သံလွင်ဆီကိုပုံမှန်သုံးပေးရင် ဆံသားသန်စွမ်းပြီး ဆံပင်အုံထူစေပါတယ်။ ဒါကြောင့် ကိုယ့်ဆံသားက အရှည်နှေးတယ်၊ ပါးတယ်၊ ပျက်စီးနေတယ်ဆို သံလွင်ဆီသုံးပေးပါ။

ဆံသားပျက်စီးတာသက်သာစေတယ်

သံလွင်ဆီကိုလိမ်းပေးခြင်းက ဆံသားကျိုးကြေတာ၊ နှစ်ခွဖြစ်တာ၊ ဖွာတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ဆံသားပျက်စီးနေရင် အကုန်အကျမများအောင် သံလွင်ဆီကိုသာ အရင်သုံးကြည့်ပါ။ သူက ဆံသားမပျက်စီးအောင်လည်း ကြိုတင်ကာကွယ်ပေးသလို ဆံပင်အရှည်လည်း မြန်စေပါတယ်။

source:www.blushin.com