ပန်းသီး တစ်နေ့တစ်လုံး စားသုံးခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ လူအများက ယုံကြည်လက်ခံထားကြပါတယ်။ ပန်းသီးက ကျန်းမာရေး လိုက်စားသူများအတွက်သာမက ကိုယ်အလေးချိန် လျော့ချချင်တဲ့သူများအတွက်ပါ အထောက်အကူပြုတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ချချင်သူများအတွက် အာဟာရကျန်းမာရေးပညာရှင်များက ဘာ့ကြောင့် ပန်းသီးစားသုံးခိုင်းသလဲ ဆိုတာကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

ဗိုက်ပြည့်စေတယ်

ဝိတ်ချခြင်းရဲ့အဓိကလျှို့ဝှက်ချက်ကို သိချင်ပါသလား။ ထိုလျှို့ဝှက်ချက်ကတော့ ဗိုက်မြန်မြန်ပြည့်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ မြန်မြန်ဗိုက်ပြည့်ဖို့ဆိုရင် ကယ်လိုရီနည်းသောအစားအစာများ၊ ပရိုတင်းများ၊ ကာဘိုဟိုက်ဒြိုက်ဓာတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝသောအစားအစာများကို စားသုံးရပါမယ်။ ပန်းသီးထဲမှာတော့ ထိုဓာတ်များအားလုံး ပါဝင်တာကြောင့် စားသုံးပေးပါက အချိန်အတော်ကြာကြာ ဗိုက်ပြည့်နေအောင် ကူညီပေးပါတယ်။

ကယ်လိုရီနည်းပါးတဲ့အစားအစာ

အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီဓာတ် နည်းပါးတဲ့အတွက်ကြောင် ဝိတ်ချချင်သူများအတွက် အသင့်တော်ဆုံးအစားအစာတစ်ခုဖြစ်တယ်လို့ အစားအစာနှင့် အာဟာရကျွမ်းကျင်ပညာရှင် Megan Byrd က ပြောကြားထားပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့်လည်း ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးမှာပဲဖြစ်ပါတယ်။

အမျှင်ဓာတ် ကြွယ်ဝ

ဝိတ်ချချင်သူများအတွက် အမျှင်ဓာတ်က အဓိကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ အမျှင်ဓာတ်ဟာ အစာချေစနစ်ကို နှေးကွေးသွားစေတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်သလို ခံစားနေရမှာဖြစ်ပြီး ကယ်လိုရီဓာတ်ကိုလည်း ထိန်းပေးထားတဲ့အတွက်ကြောင့် ဝိတ်မတက်လာအောင်လည်း ကူညီပေးပါတယ်။

အစားအလွန်အကျွံ မစားအောင် ကူညီပေးခြင်း

သင်ဟာ အစားတွေကို တစ်ခုပြီးတစ်ခု စားချင်စိတ်ကို ထိန်းမရတာကြောင့် အချိန်တိုင်း အစားနှင့် ပါးစပ်မပြတ်တဲ့ သူတစ်ယောက်လား။ ဒါဆိုရင်တော့ ပန်းသီးကို နေ့စဉ်စားသုံးပေးလိုက်ပါ။ ပန်းသီးကို စားသုံးပေးခြင်းအားဖြင့် အစားအလွန်အကျွံ မစားမိအောင် ကာကွယ်ပေးပြီး သင့်ရဲ့ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။