တချို့ကျတော့ ချစ်လည်း Toxic Relationship ဖြစ်နေရင် သေချာစဉ်းစားဆုံးဖြတ်ပြီး လမ်းခွဲလိုက်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့ Toxic Relationship ဖြစ်နေတာတောင်မှ လမ်းမခွဲနိုင်ကြပါဘူး။ ဒီလို ဆက်ပြီးလက်တွဲချင်နေသေးတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်လာတာများပါတယ်။

ဆုံးရှုံးရမှာကြောက်လို့

အရမ်းချစ်တဲ့အခါမှာ ကိုယ်အရမ်းချစ်ရတဲ့သူကို ဆုံးရှုံးမှာ ကြောက်ကြပါတယ်။ ဒီလိုအဆုံးရှုံးမခံနိုင်လို့ပဲ ဘယ်လောက်ပဲမကောင်းတဲ့ Toxic Relationship ဖြစ်နေပါစေ ဆက်သည်းခံပြီး တွယ်ကပ်နေကြတာပါ။

တစ်ယောက်ထဲဖြစ်မှာကြောက်လို့

အချိန်တွေနှစ်တွေအကြာကြီးတွဲလာတဲ့ Relationship တစ်ခုမှာ စိတ်ပျော့ပြီး အရမ်းချစ်တဲ့သူတွေက ကိုယ်တစ်ယောက်ထဲပြန်ဖြစ်သွားမှာကို ကြောက်ကြပါတယ်။ ကိုယ်ချစ်တဲ့သူမရှိပဲ တစ်ယောက်ထဲနေဖို့ကို ကြောက်နေကြပါတယ်။ တစ်ယောက်ထဲဖြတ်သန်းဖို့ သတ္တိမရှိကြပါဘူး။ ဒါကြောင့်ပဲ တစ်ယောက်ထဲဖြစ်သွားတာထက်စာရင် သူအနားမှာရှိနေတာက ပိုကောင်းတယ်လို့ ထင်နေကြတာပါ။

ယုံကြည်ချက်မရှိလို့

ကိုယ့်ကိုယ်ကို သူမရှိပဲမနေနိုင်ဘူးဆိုတဲ့စိတ် သွင်းထားသရွေ့ကတော့ ယုံကြည်ချက်ရှိမှာမဟုတ်ပါဘူး။ သူမရှိရင်မဖြစ်ဘူး ငါတစ်ယောက်ထဲ ရှေ့မဆက်နိုင်ဘူးဆိုပြီး မလုပ်ကြည့်ရသေးပဲ ကြိုတွေးပြီး စိုးရိမ်နေတတ်တာတွေကြောင့်ပဲ Toxic Relationship ထဲမှာ နစ်မွန်းနေရပါတယ်။

မျှော်လင့်နေသေးလို့

အရမ်းလည်းချစ်တယ်၊ ဆုံးရှုံးရမှာလည်းကြောက်တယ်၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်ချက်မရှိသေးတဲ့အခါမှာ ဒီ Relationship က အဆင်ပြေသွားမှာပါဆိုပြီး ဖြည့်တွေးပြီး မျှော်လင့်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုမျှော်လင့်ချက်တွေထားနေသေးလို့လည်း Toxic Relationship ထဲက ရုန်းမထွက်နိုင်ဖြစ်နေရတာပါပဲ။

photo source:www.pexels.com