မျက်တောင်လေးတွေက တစ်ခါကျွတ်ပြီးရင် ပြန်ပေါက်ဖို့ကြာပါတယ်။ မျက်တောင်ကျွတ်တယ်ဆိုတာကလည်း ကိုယ်တိုင်လုပ်လိုက်မိတဲ့အရာတွေကြောင့်ပဲ ဖြစ်တာများပါတယ်။ ဒါကြောင့် ကိုယ့်မျက်တောင်လေးတွေ ကျွတ်ထွက်ကုန်တာမျိုးမဖြစ်အောင် ဒီအရာတွေကို သတိထားဆင်ခြင်ပေးဖို့ လိုပါတယ်။

မျက်လုံးကိုလက်နဲ့မပွတ်ပါနဲ့

မျက်လုံးကို အတင်းဖိပြီး လက်နဲ့ပွတ်တာ၊ မျက်လုံးကို ခဏခဏပွတ်တာတွေဟာ မျက်တောင်ကျွတ်စေပါတယ်။

ကိုယ်နဲ့မတည့်တဲ့ Mascara ကို မသုံးပါနဲ့

ကိုယ်သုံးတဲ့ Mascara နဲ့မတည့်ရင်လည်း မျက်တောင်ကျွတ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Skincare တွေ Cosmetics တွေ သုံးမယ်ဆိုရင် ကိုယ်နဲ့မတည့်တာကို သိဖို့လိုပါတယ်။ ဝယ်တဲ့အခါမှာလည်း ကိုယ်နဲ့မတည့်တာပါလားဆိုတာကို သိရအောင် Ingredients list ကို သေချာဖတ်ပြီးမှဝယ်ပါ။

Waterproof Mascara ကိုရှောင်ပါ

Waterproof Mascara တွေက ရေစိုခံဆိုတော့ ရိုးရိုး Mascara တွေထက်ကို ဖျက်ရတာ ပိုခက်ပါတယ်။ အရမ်းဖိပြီးပွတ်တဲ့အခါမျိုးမှာတော့ မျက်တောင်တွေက ၂ ပင်နဲ့အထက်ကို ကျွတ်လာတတ်ပါတယ်။ ဒါကြောင့် ရေထဲသွားမယ့်အချိန် ရေစိုခံအောင်သုံးတာကလွဲလို့ ကျန်တဲ့အချိန်မသုံးသင့်ပါဘူး။

Eye Remover သုံးပါ

Mascara သုံးထားရင်ပဲဖြစ်ဖြစ်၊ Eyeliner ဆိုးထားရင်ပဲဖြစ်ဖြစ် Eye Remover (သို့) Cleansing Balm ကို သုံးပြီး ဖျက်ပေးပါ။ Makeup Remover တွေ၊ Micellar water တွေနဲ့ဖျက်တာကျတော့ Cotton Pad တွေနဲ့ ပွတ်ပြီးဖျက်ရတဲ့အတွက် မျက်တောင်ကျွတ်တတ်ပါတယ်။ Mascara တွေ၊ Eyeliner တွေကို ဖျက်ရင်လည်း သေချာပြောင်အောင်ဖျက်ပါ။ မပြောင်ပဲကျန်နေတာက အမြဲလိုလိုဖြစ်လာရင် ပျက်တောင်တွေပျက်စီးပြီး ကျွတ်တတ်ပါတယ်။။

မျက်တောင်အတုခဏခဏတပ်တာမျိုးမလုပ်ပါနဲ့

မျက်တောင်အတုတပ်ရင် ကော်တွေသုံးရတဲ့အတွက် မျက်တောင်ပျက်စီးစေပါတယ်။ ပြန်ဆွဲခွာတဲ့အခါမှာလည်း အခန့်မသင့်ရင် မျက်တောင်တွေကျွတ်ပါတယ်။ ဒါကြောင့် ပွဲတွေသွားစရာရှိတဲ့အခါမျိုးနဲ့ တစ်ခါတစ်လေတပ်ကလွဲလို့ မျက်တောင်အတုကို ခဏခဏတပ်တာမျိုး မလုပ်သင့်ပါဘူး