ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ ပြန်တွဲချင်တဲ့သူတွေလည်း ရှိသလို၊ ပြန်မတွဲချင်တဲ့သူတွေလည်း ရှိမှာပါ။ တစ်ဖက်လူက သစ္စာဖောက်ခဲ့တာမျိုးဆိုရင်တော့ လုံးဝကို ပြန်တွဲဖို့မစဉ်းစားသင့်တဲ့ အခြေအနေပါ။ ဒါဆို ဘယ်လိုအခြေအနေမျိုးမှာ ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ စဉ်းစားသင့်လဲဆိုရင်တော့…

နှစ်ယောက်လုံးချစ်ရက်နဲ့ပြတ်သွားတာမျိုး

နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပေမယ့် ဘာမဟုတ်တဲ့ အခြေအနေတစ်ခုကြောင့် အထင်လွဲပြီးပြတ်သွားကြတာမျိုး၊ မာနတွေထားခဲ့ကြလို့ ပြတ်သွားတာမျိုး၊ စိတ်ဆိုးရန်ဖြစ်ကြပြီး စကားတွေလွန်သွားလို့ ပြတ်ခဲ့ကြတာမျိုးဆိုရင်တော့ နှစ်ယောက်လုံးလည်း ချစ်နေသေးတယ်ဆိုရင် ပြန်တွဲချင် တွဲလို့ရတဲ့အခြေအနေ ဖြစ်ပါတယ်။

ကိစ္စကြီးကြီးမားမားမဟုတ်ခဲ့တာမျိုး

ခုနကပြောသလိုပဲ နှစ်ယောက်သား လမ်းခွဲခဲ့ကြတဲ့ အကြောင်းအရင်းက သစ္စာဖောက်လို့လည်း မဟုတ်ဘူး၊ ဘာမှလည်း ကြီးကြီးမားမား မဟုတ်ခဲ့ဘူး၊ နာကျည်းစရာတွေလည်း မရှိခဲ့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချစ်နေသေးလား ပြန်စဉ်းစားပါ။ ချစ်နေသေးတယ်ဆိုရင် ပြတ်ပြီးသားလည်း ပြန်တွဲသင့်တဲ့ အခြေအနေပါပဲ။

နှစ်တွေအကြာကြီးတွဲခဲ့တာမျိုး

၂ နှစ်၊ ၃ နှစ်တောင်မဟုတ်ပဲ နှစ်တွေအရမ်းကို အကြာကြီး ၅ နှစ်နဲ့အထက်တွဲခဲ့ပြီးမှ ပြဿနာတစ်ခုကြောင့် ပြတ်သွားကြတယ်။ ဒါပေမယ့် နှစ်ယောက်လုံးကတော့ ချစ်နေကြသေးတယ်ဆိုရင် သေချာစဉ်းစားပြီး တစ်ယောက်နဲ့တစ်ယောက် သေချာညှိုယူပြီး ပြန်တွဲသင့်ပါတယ်။ Relationship တစ်ခုက အချိန်တွေအကြာကြီး တည်ဆောက်နိုင်ဖို့ အရမ်းခက်ခဲတာကြောင့် နှစ်တွေအကြာကြီးတွဲပြီးမှ ဘာမဟုတ်တာလေးကြောင့် ပြတ်သွားရင် နှမြောဖို့ကောင်းပါတယ်။

မခံစားနိုင်တော့တဲ့အခါမျိုး

နှစ်ယောက်လုံးက သစ္စာဖောက်ခဲ့ကြတာမျိုး လုံးဝမရှိဘူးဆိုရင်တော့ ဒီ relationship က ဘယ်သူ့အမှားကြောင့် ပြတ်သွားလဲစဉ်းစားပါ။ ကိုယ့်ဘက်က အမှားတစ်ခုကြောင့် ပြတ်တာဆိုရင် ကိုယ်တိုင်လည်း လမ်းမခွဲနိုင်ဘူး၊ မခံနိုင်တော့ဘူးဆိုရင် ပြန်ဆက်သွယ်ပြီး တောင်းပန်တာ၊ ပြန်ဆက်တာမျိုး လုပ်ကြည့်ပါ။ တကယ်လို့ သူ့ဘက်ကမှားတာဆိုရင်တော့ သူ့ဘက်က အမှားတွေကိုတောင်းပန်ပြီး အရာရာပြောင်းလဲပေးနေပြီဆိုရင် ကိုယ့်ဘက်ကလည်း မခံစားနိုင်တော့ရင်၊ ချစ်သေးရင် ပြန်တွဲဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။