အတွေးတွေများလွန်းရင် ပျော်ရွှင်စရာထက် စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာတွေက ပိုများနေတတ်ပါတယ်။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာမျိုးပေါ့။ ဒါကြောင့် ဒီလိုအတွေးတွေကို မတွေးမိအောင်ဆင်ခြင်နိုင်ဖို့၊ ကိုယ့်စိတ်ကိုပြင်ဆင်နိုင်ဖို့အတွက် ဒီအတွေးတွေကို အရင်ပြင်ရပါမယ်။

အရမ်းတွေးတတ်တဲ့အကျင့်ကို ပြင်ရပါမယ်။ တစ်ခုခုဆိုရင် မဖြစ်သေးတာတွေကိုလည်း ကြံဖန်တွေး၊ ဖြစ်သွားတာတွေကိုလည်း အမြဲတမ်းထိုင်တွေးနေတော့ အတွေးပေါင်းစုံခေါင်းထဲရောက်ပြီး ပိုစိတ်ညစ်ရမယ်၊ စိတ်ပင်ပန်းရပါမယ်။ ဒါကြောင့်လည်း အပြည့်အဝမပျော်ရွှင်နိုင်ပဲ ဖြစ်နေတာပါ။ ဒါကြောင့် အရမ်းမတွေးပြီး အတွေးမလွန်ပါနဲ့။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်တာမျိုး မဖြစ်ပါစေနဲ့။

တစ်ခုခုဆိုရင် Serious ဖြစ်လွန်းတာလည်းမကောင်းပါဘူး။ Serious ဖြစ်လွန်းရင် ပိုပြီးခံစားရပါတယ်။ ပိုပြီးစိတ်ညစ်ရပါတယ်။ အရေးမကြီးတဲ့ ကိစ္စသေးသေးလေးတွေကအစ လိုက်ခံစားပြီး Serious ဖြစ်နေမယ်ဆိုရင်တော့ အကျင့်ပါသွားပြီး နောက်လည်း အဲ့လိုပဲဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အရာရာကို လိုက်တွေးပြီး Serious မဖြစ်ပါနဲ့။ စိတ်ထဲဘာမှမထားပဲ ပေါ့ပေါ့ပါးပါးပဲနေပါ။ ဒါဆိုရင်တော့ စိတ်ချမ်းသာပြီး ပျော်ရွှင်ရမှာပါ။

ကိုယ့်ကိုယ်ကို သူများနဲ့လိုက်မနှိုင်းယှဉ်ပါနဲ့။ သူများနဲ့လိုက်ပြီးနှိုင်းယှဉ်နေရင် ကိုယ့်ကိုယ်ကို အလိုမကျတာတွေများလာပြီး အမြဲစိတ်ညစ်နေရမှာပါ။ ကိုယ့်ကိုယ်ကိုလည်း ပိုပြီးသိမ်ငယ်လာတာမျိုး၊ အားငယ်လာတာမျိုးတွေ ဖြစ်လာပြီး နေရတာမပျော်တော့ပဲ ဖြစ်လာပါလိမ့်မယ်။

သူများလုပ်တိုင်းလုပ်ချင်တယ်၊ သူများဝယ်တိုင်းဝယ်ချင်တယ်၊ အရာရာကိုလိုချင်စိတ်များနေမယ်ဆိုရင်တော့ စိတ်ပင်ပန်းရပါလိမ့်မယ်။ ကိုယ်တတ်နိုင်တာလောက်ကို မလိုချင်ပဲ ကိုယ်မတတ်နိုင်တာကြီးကို လိုချင်နေမယ်ဆိုရင်တော့ ဝမ်းနည်းလာမယ်၊ စိတ်ဓာတ်ကျလာမယ်၊ စိတ်ဖိစီးလာမယ်။ ဒီလိုမျိုးတွေမဖြစ်1အောင် ကိုယ့်စိတ်ကိုပြင်ယူရပါတယ်။ ဒါတွေအားလုံးက ကိုယ့်စိတ်ကြောင့်ဖြစ်နေတာတွေချည်းပါပဲ။

Photo source: www.freepik.com