သူနဲ့ လမ်းခွဲလိုက်တာပဲဖြစ်ဖြစ် သူကလမ်းခွဲသွားတာပဲဖြစ်ဖြစ် ကိုယ့်ကိုထားခဲ့ပြီဖြစ်တဲ့ ရည်းစားဟောင်းကို ဘာလို့ မမုန်းသင့်သလဲဆိုတာ မျှဝေပေးပါမယ်။

သင့်ကို ပူလောင်စေပါတယ်

သူ့ကြောင့် အသည်းကွဲတယ်ဆိုတာ မှန်ပေမယ့် သူ့ကို မုန်းနေတာဟာ သင့်နှလုံးသားကို ပူလောင်နာကျင်စေပါတယ်။ ဒါ့ကြောင့် သူ့ကိုမမုန်းပါနဲ့။

သင့်ဦးနှောက်ကိုလည်း ထိခိုက်စေပါတယ်။

သူ့ကိုမုန်းနေရင် သင့်စိတ်ခံစားချက်လည်းမကောင်းသလို၊ သူ့အကြောင်းကိုလည်း မကောင်းတာတွေပဲတွေးနေမိတာကြောင့် သင့်ဦးနှောက်ကို ထိခိုက်စေပါတယ်။

ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

သင့်ရည်းစားဟောင်းကိုမုန်းနေတာဟာ ကိုယ်ခံအားစနစ် လျော့နည်းစေပြီး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်တက်စေနိုင်တယ်။

လူတစ်ယောက်ကို မုန်းနေတာကြောင့် သင့်စိတ်ခံစားမှုလည်းမကောင်းသလို အဲဒီလို စိတ်ဖိစီးမှုကြောင့် အစားများများစားမိတာမျိုးဖြစ်စေလို့ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

အိပ်ရေးပျက်မယ်

လူတစ်ယောက်မပေါ် မုန်းတီး မကျေနပ်မှုတွေကြောင့် ညည အိပ်လို့မပျော်ဘဲ ဖြစ်တတ်ပါတယ်။ အဲဒီလို အိပ်ရေးပျက်တာဟာ သင့်ကို ကိုယ်အလေးချိန်တက်စေသလို အလှပအတွက်ကော ကျန်းမာရေးအတွက်ပါမကောင်းပါဘူး။

သင့်အလုပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အဲဒီလိုမျိုး လူတစ်ယောက်ကိုမုန်းတီးတာဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာသာ မက သင့်အလုပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့ အာရုံစိုက်မှုကို အားနည်းစေပြီး စွမ်းဆောင်ရည်ကျစေတာမို့ လူတစ်ယောက်ကို မုန်းတာဟာ သင့်ကိုယ်သင်ပဲ အရင်ထိခိုက်စေတာပါ။

ဒါ့ကြောင့် သင့်ရည်းစားဟောင်းကို မမုန်းပါနဲ့။ ခွင့်လွှတ်ပေးလိုက်ပါ။ ပြီးခဲ့တာက ပြီးခဲ့ပြီပဲ။ အတိတ်ကို အတိတ်မှာထားခဲ့တာအကောင်းဆုံးပါပဲ။