မိတ်ကပ်လိမ်းတယ်ဆိုတာ လှဖို့အတွက်လိမ်းတာပါ။ မိတ်ကပ်လိမ်းပြီး အသားအရေ ပင်ပန်းနွမ်းနယ်နေသလိုမျိုး ဘယ်သူမှဖြစ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မိတ်ကပ်လိမ်းရာမှာ လုပ်မိတဲ့ အမှားတွေကို မျှဝေပေးချင်ပါတယ်။

မိတ်ကပ်အများကြီးလိမ်းခြင်း

မိတ်ကပ်လိမ်းရာမှာ Bronzer တွေ၊ Highlighters တွေ၊ Contour တွေ၊ ဖောင်ဒေးရှင်းတွေ၊ Concealer တွေ ကို အစုံသုံးပြီး အများကြီးသုံးရင်တော့ သင့်အသားအရေရဲ့ သဘာဝအတိုင်း တောက်ပမှုတွေ မရှိတော့ဘဲ အသားအရေက မွဲခြောက်ခြောက်ကြီးဖြစ်စေမှာပါ။

သင့်အသားအရေနဲ့ မသင့်တော်တဲ့ မိတ်ကပ်အရောင်သုံးခြင်း

တချို့တွေ မြင်ဖူးကြမှာပါ။ မိတ်ကပ်လိမ်းလိုက်မှ မိတ်ကပ်အရောင်က သတ်သတ် အသားအရောင်က သတ်သတ် ဖြစ်နေတတ်ပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် မိမိအသားအရေနဲ့ သင့်တော်တဲ့ မိတ်ကပ်ကို ရွေးချယ်သုံးသင့်ပါတယ်။

Highlighter အများကြီးသုံးခြင်း

Highlighter အများကြီးသုံးတာဟာ သင့်အသားအရေကို ပြောင်ပြောင်ကြီးဖြစ်စေပါတယ်။ အသင့်အတင့်ပဲ သုံးပါ။

နှုတ်ခမ်းနီအရောင်

နှုတ်ခမ်းနီအရောင် ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ နှုတ်ခမ်းနီအရောင်နဲ့ ကိုယ်ဝတ်မယ့်အဝတ်အစား၊ ဒါမှမဟုတ် ကိုယ့်မိတ်ကပ်သားနဲ့ လိုက်ဖက်မှုရှိတာကို လိမ်းသင့်ပါတယ်။ အနီရောင်ဆိုရင် အနီရင့်ရင့် (သို့) အနီစစ်ပဲ ဆိုးသင့်ပါတယ်။ လိမ္မော်ဖက်သန်းတာ အပြာဖက်သန်းတာမျိုးဆိုရင် မလှပါဘူး။

မိတ်ကပ်တွေကို သေချာ Blend မလုပ်ခြင်း

မိတ်ကပ်တွေကို သေချာလေး Blend (ဖြည်ပေးခြင်း) မလုပ်ခြင်းဟာ သင့်ကို မိတ်ကပ်သားထူထူကြီးဖြစ်စေပြီး မိတ်ကပ်သား သိပ်သိပ်လေးဖြစ်စေမှာ မဟုတ်ပါဘူး။

မိတ်ကပ်လိမ်းဖို့ အချိန်အရမ်းယူခြင်း

မိတ်ကပ်လိမ်းဖို့ သင်အချိန်အများကြီးပေးမယ်ဆိုရင် သင့်ရဲ့ အချိန်တွေ အလဟဿကုန်သုံးသွားမှာပါ။ ဒါ့ကြောင့် မိတ်ကပ်လိမ်းဖို့ အချိန်ကို ၁၀ မိနစ် ၁၅ မိနစ်ထက် ပိုမထားသင့်ပါဘူး။ ကြာကြာလိမ်းလေ ဟိုနားပြင်ချင် ဒီနားလေးကပြင်ချင်နဲ့ မိတ်ကပ်ပိုပြီးထူသွားတတ်ပါတယ်။