January born လေးတွေအားလုံး Happy Birthday ပါနော်။ ဘဝမှာ အချစ်စစ်တစ်ခုကို ရှာဖွေရတာ လွယ်မလိုလိုနဲ့ ခက်ခဲတတ်ကြတယ်ဆိုတာ အရွယ်ရောက်ပြီးတဲ့သူတိုင်း သိပြီးသားဖြစ်မှာပါနော်။ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲမှာဆိုရင် အချစ်စစ်နဲ့ ဆုံစည်းပုံက စိတ်ကူးယဉ်ဆန်ပြီး တကယ့်လက်တွေ့လောကနဲ့ ခြားနားနေသယောင် ဖြစ်တတ်ပါတယ်။ Disney ကာတွန်းကားထဲကလို မင်းသားနဲ့မင်းသမီးရဲ့ Romantic Date အတွက် ထူးဆန်းတဲ့ Surprise တွေလည်း အပြင်လက်တွေ့လောကမှာ မဖြစ်လာနိုင်ပါဘူး။

ဒီတော့ကိုယ့်ရဲ့ မွေးဖွားတဲ့လကို အားကိုးပြီး ဖူးစာရှင်အစစ်နဲ့ ဘယ်နေရာမှာတွေ့နိုင်မလဲဆိုတာ မခန့်မှန်းချင်ကြဘူးလား။ သင့်ရဲ့အကျင့်စရိုက်ဝါသနာ ပေါ်မူတည်ပြီး ဖူးစာရှင်နဲ့ တွေ့နိုင်မယ့်နေရာကို ခန့်မှန်းကြည့်ရအောင်နော်…

၁။ January လဖွားတွေက ရည်မှန်းချက်ကြီးကြပါတယ်။ ဘယ်အရာမဆို အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်တတ်ကြပါတယ်။

၂။ January လဖွားတွေရဲ့ ရည်မှန်းချက်ကြီးတဲ့ဗီဇကြောင့် အိမ်ထောင်ဘက် ဖူးစာရှင်ရွေးတဲ့နေရာမှာလည်း ဂျီးများကြပါတယ်။


၃။ သင့်ရဲ့ စံသတ်မှတ်ချက်တွေက သာမန်ထက် ပိုနေတတ်ပြီး သင်တွေ့ဆုံမယ့်လူကိုလည်း အကြီးကြီးမှန်းထားတတ်ပါတယ်။

၄။ ဒါကြောင့် January လဖွားတွေရဲ့ ဖူးစာရှင်က တမင်စီစဉ်ချိန်းတွေ့ရင်တော့ တွေ့လာမှာ မဟုတ်ပါဘူး။


၅။ ဖူးစာရှင်ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်နေရင်းနဲ့ သူငယ်ချင်းနဲ့ပါလာတဲ့ ကောင်လေး သို့ ကောင်မလေးနဲ့ အဆင်ပြေတတ်ပါတယ်။ မစီစဉ်ဘဲ ရုတ်တရက်ဖြစ်လာတဲ့ Date ကြောင့်ပဲ ဖူးစာရှင်နဲ့ ဆုံစည်းရတတ်ပါတယ်။

၆။ January လမွေးဖွားသူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းလည်း မြင့်မားကြပါတယ်။

၇။ အကြောက်အလန့်နည်းတာကြောင့် သာမန်ထက် ကွဲထွက်တဲ့ စွန့်စားမှုတွေကို လုပ်ချင်ကြပါတယ်။


၈။ January လဖွားတွေက ကိုယ်ချစ်တဲ့ အရာကို လုပ်နေတဲ့အချိန်ဆို အတောက်ပဆုံးဖြစ်နေတတ်ပါတယ်။

၉။ ဒါကြောင့်လည်း သင့်ရဲ့ဖူးစာရှင်က သင်ဝါသနာပါတဲ့နေရာမှာ သင့်ရဲ့ တောက်ပနေမှုကို တွေ့ပြီး ချစ်သွားတတ်ပါတယ်။ နှလုံးသားခေါ်ဆောင်ရာ ဝါသနာပါရာနောက်ကို လိုက်ပါ။ ဒီလိုဆိုရင် ဖူးစာရှင်နဲ့ တွေ့ရဖို့ မဝေးတော့ပါဘူး။

ကဲ…January born လေးတွေထဲမှာ Single အဖြစ်ပဲရှိနေတဲ့သူလေးတွေလည်း အမြန်ဆုံး ကိုယ့်ရဲ့ဖူစားရှင်လေးနဲ့ တွေ့ဆုံနိုင်ကြပါစေနော်..

Photo Source: Pinterest