မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်ပြင်တဲ့အခါ ဖြူစွတ်နေအောင် ပြင်တာထက် သဘာဝဆန်ဆန်နဲ့ နေရောင်အောက် Glow နေသလို မိတ်ကပ် Look လေးတွေက အခုနောက်ပိုင်းပိုပြီး ခေတ်စားလာပါတယ်နော်။ ဒါလို Look လေးက အသားနည်းနည်းညိုတဲ့သူတွေအတွက် ပြင်ရလွယ်ပေမယ့် ဖြူတဲ့သူတွေပြင်တဲ့အခါ သေချာမလိမ်းတတ်ရင် နေရောင်အောက်မှာ မညိုဘဲ နီတဲ့ဘက်ရောက်သွားတတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် အသားဖြူသူတွေနဲ့လိုက်ဖက်ပြီး နေပူစာလုံထားသလို ညိုညိုစိုစို Sun-Kissed Glow လေးရစေမယ့် မိတ်ကပ်ပြင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Moisturizer နဲ့ Sunscreen လေး အရင်စလိမ်းပါ

မိတ်ကပ်မလိမ်းခင် Skincare အနေနဲ့ကော မိတ်ကပ်စိမ့်ဝင်အားကောင်းဖို့အတွက်ပါ ကိုယ့် Skin Type နဲ့အဆင်ပြေပြီး အစိုဓာတ်ကောင်းကောင်းဖြည့်ပေးမယ့် Moisturizer နဲ့ SPF 30 အနည်းဆုံးပါတဲ့ Sunscreen တစ်မျိုး အရင်ဆုံးလိမ်းပေးပါ။

အောက်ခံမိတ်ကပ်လိမ်းပြီးတဲ့နောက် Cream Bronzer လေးသုံးပေးဖို့လိုပါတယ်


Foundation နဲ့ Concealer အတွက် ပုံမှန်လိမ်းနေကျအရောင်လေးသုံးနိုင်ပါတယ်။ လိမ်းပြီးတဲ့အခါ မျက်နှာကို Warm ဖြစ်တဲ့ဘက်ရောက်အောင် Bronzer နဲ့ခြယ်ချပေးပါ။ စိုပြောင်ပြောင်လေးဖြစ်ဖို့ Cream Bronzer လေး သုံးပေးရပါမယ်။ Brush ကြီးကြီးလေးသုံးပြီး နဖူး၊ နှာတံ၊ မေးရိုးတစ်လျှောက်နဲ့ နားထင်နေရာတွေကို Blend ဖြစ်အောင် လိမ်းပေးပါ။

အပေါ်ကနေ Bronzer Powder ခပ်ပါးပါးလေးအုပ်ပေးပါ

ချွေးထွက်လာတာနဲ့ အောက်ခံ Foundation ၊ Cream Bronzer တွေ နေရာရွေ့တာ၊ ကွက်သွားတာမျိုး မဖြစ်ရအောင် Cream အပေါ်ကနေ Bronzer Powder နဲ့ ခပ်ပါးပါးလေးလိမ်းပြီး အုပ်ပေးပါ။ ဒါကိုပဲ Eye Shadow အနေနဲ့ ပြန်သုံးတာမျိုးလည်း လုပ်နိုင်ပါတယ်။

ပန်းရောင်သမ်းတဲ့ Rosy ပါးနီလေးသုံးပါ


Sun-Kissed Look အတွက် နေရောင်အောက်မှာ နှင်းဆီရောင်လေးလို ပန်းခရမ်းဘက်သွားတဲ့ ပါးနီလေးသုံးပေးဖို့လိုပါတယ်။ Natural ဆန်ပြီး ချစ်စရာကောင်းတဲ့ Look အတွက် ပါးမို့လေးတွေနဲ့ နှာတံထိပ်နားမှာ ဆိုးပေးလိုက်ရုံပါပဲ။

Highlighter ထည့်ဆိုးပါ

Glow နေဖို့အတွက် Highlighter က မပါမဖြစ်ပါပဲနော်။ ညိုညိုစိုစို Sun-Kissed Look လေးရဖို့ Champagne အရောင်လို ပုဇွန်ဆီရောင်ဘက်သွားတဲ့ Highlighter တွေသုံးပေးဖို့လိုပါတယ်။

Lip Gloss လေးသုံးပေးပါ

ဒီ Look အတွက် Natural ဆန်တဲ့ စိုစိုကြည်ကြည် Lip Gloss လေးတွေက အရမ်းလိုက်ဖက်ပါတယ်။ ရိုးရိုး Gloss လေးတွေလည်းလှသလို Glitter ပါတဲ့ Gloss ကြည်ကြည်လေးတွေကလည်း Sun-Kissed Look လးကို ပြည့်စုံစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar