မိတ်ကပ်လိမ်းတာနဲ့ပတ်သက်ရင် အလှပြင်နည်းသင်တန်းတွေ၊ အွန်လိုင်းပေါ်က လိမ်းနည်းတွေ မျိုးစုံပါပဲ။ ဒီလိုလိမ်းပြတဲ့ အမျိုးသမီးတွေက ဟိုးအရင်ကတည်းက မိတ်ကပ်နဲ့ပတ်သက်ပြီး တကယ်ကို ဆရာကျပြီး ဝါရင့်တွေပါ။

ဒီတော့ မိတ်ကပ်စလိမ်းမယ့် ပျိုမေတို့အတွက် တချို့အချက်တွေက အနည်းငယ်နားလည်ရခက်နေတတ်ပါတယ်။ မိတ်ကပ်လိမ်းပြီး ပိုလှသွားတဲ့ သူတွေရဲ့ Makeup Look အတိုင်းမရတတ်ပါဘူး။ ဒီအတွက် စိတ်မညစ်ကြပါနဲ့တော့။

ဒီတစ်ခေါက်မှာတော့ မိတ်ကပ်ကို ခုချိန်မှ အခြေခံစလိမ်းမယ့် မိန်းကလေးတွေအတွက် လိမ်းပုံလိမ်းနည်းအဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

အဆင့် ၁- Moisturizer စလိမ်းပါ

မိတ်ကပ်ပညာရှင်အချို့က စစချင်း အစိုဓာတ်ထိန်းခရင် လိမ်းရမယ့်အဆင့်ကို ကျော်ပြီး လိမ်းပြတတ်ပါတယ်။ ပညာသားပါတဲ့ မိတ်ကပ်ပုံစံရဖို့ အစိုဓာတ်ထိန်းခရင်က မရှိမဖြစ်အရေးပါပါတယ်။ အစိုဓာတ်ထိန်းခရင်အနေနဲ့ Mist, Serum, Lotion နဲ့ Oil, Cream စတာတွေကို သုံးနိုင်ပါတယ်။ သင့်အရေပြားပေါ်ကို ညီညီမျှမျှ လိမ်းပေးရပါမယ်။ လိမ်းပြီးတာနဲ့ အစိုထိန်းခရင် ခြောက်အောင်ခဏစောင့်ပေးရပါမယ်။

အဆင့် ၂- Primer

အဆင့် ၁ ပြီးနောက် မိတ်ကပ်ကြာရှည်ခံဖို့ Primer သုံးပေးရပါမယ်။ မိတ်ကပ်ဖောင်ဒေးရှင်းရဲ့ အခြေခံက Primer လိမ်းတာကနေ စပါတယ်။ Primer က သင့်ရဲ့ Eyeshadow ကိုလည်း ပိုပေါ်လွင်စေပါတယ်။

အဆင့် ၃- Liquid Foundation

မိတ်ကပ်စလိမ်းမယ့် ပျိုမေတွေအနေနဲ့ Liquid အရည်ပုံစံ Foundation ကို သုံးသင့်ပါတယ်။ ဒီဖောင်ဒေးရှင်းပုံစံက သုံးရလွယ်ပါတယ်။ သင့်မိတ်ကပ်ပုံစံကို ပြစ်မျိုးမှဲ့မထင်ပုံစံရရှိစေပါတယ်။ အရေးအကြီးဆုံးက ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Liquid Foundation ကို ရွေးချယ်ဖို့ပါ။ ဒါကြောင့် Cosmetics ဆိုင်ကိုရောက်ရင် မိတ်ကပ်အရောင်သေချာစမ်းဖို့ မမေ့သင့်ပါဘူး။

အဆင့် ၄- Concealer

အသားအရေကောင်းတဲ့ပျိုမေတွေအတွက်တော့ ဒီအဆင့်ကို ကျော်သွားလည်းရပါတယ်။ ဒါပေမဲ့ အမည်းစက်ရှိသူတွေ၊ မျက်ကွင်းညိုသူတွေအနေနဲ့တော့ Concealer က သင့်အတွက် သူရဲကောင်းပါပဲ။ ဒါပေမဲ့ ဖောင်ဒေးရှင်းနဲ့ သေချာလေးရောပေးဖို့လိုပါတယ်။ ဒီနေရာမှာလည်း အသားအရေနဲ့လိုက်ဖက်တဲ့ Concealer ကို ရွေးချယ်ရပါမယ်။

အဆင့် ၅- Bronzer ပါးနီခြယ်တာ

ပါးနီခြယ်တဲ့အခါ ကိုယ်က ဘယ်ပုံစံကို သွားချင်တာလဲအရင်စဉ်းစားရပါမယ်။ ရင့်ကျက်တဲ့ပုံစံလေးသွားချင်တာလား ကလေးဆန်တဲ့ ပုံစံလေးသွားချင်တာလား။ဒီအပေါ်မူတည်ပြီး ပါးနီအရောင်ကို ရွေးရပါမယ်။ မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့အရောင်ကတော့ ပန်းနုရောင်လေးပါ။ အခုနောက်ပိုင်း Peach အရောင်လေးတွေကလည်း မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပါတယ်။

အဆင့် ၆- Eyeshadow

မိတ်ကပ်လိမ်းတာကို ပေါ်လွင်စေချင်ရင်တော့ မျက်လုံးခြယ်တဲ့အဆင့်ကို ကျော်မသွားသင့်ပါဘူး။ သင့်ရဲ့မျက်နှာကို Eyeshadow က ထင်းနေစေမှာပါ။ Neutral အရောင်တွေဘက်ကို သွားပေးရပါမယ်။ မျက်လုံးခြယ်တဲ့အခါ အရောင်နှစ်ရောင် စပ်ပေးတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

အဆင့် ၇- Eyeliner

မျက်လုံးပေါ်မှာဆွဲတဲ့ Eyeliner ကလည်း ပျိုမေတွေရဲ့အလှကို ပိုပေါ်လွင်စေမှာပါ။ Eyeliner ခြယ်တဲ့နေရာမှာလည်း လေ့ကျင့်ပေးမှ Eyeliner ပုံစံလှလှလေးကိုရမှာပါ။ Eyeliner အမျိုးအစားအများကြီးရှိပါတယ်။ Liquid Eyeliner က တိကျတဲ့ မျက်လုံးခြယ်တဲ့ပုံစံဘက်ရပါတယ်။ Gel Eyeliner ကတော့ Cat-eye look အတွက် သင့်တော်ပါတယ်။ ခဲတံပုံစံ Pencil Eyeliner ကတော့ ခုမှ Eyeliner စသုံးမယ့်သူတွေအတွက် အဆင်ပြေပါတယ်။

အဆင့် ၈- Mascara

သင်က မျက်လုံးနဲ့ပတ်သက်ပြီး အလှပြင်ရတာမျိုးမကြိုက်ရင်တော့ မျက်တောင်ကော့တဲ့အဆင့်ကို မမေ့သင့်ပါဘူး။ Eyeshadow နဲ့ Eyeliner မသုံးချင်ရင် မျက်တောင်ကော့တာကိုတော့ ဆက်ဆက်လုပ်ရပါမယ်။ မျက်တောင်ကော့တံနဲ့လည်း မျက်တောင်လေးပိုကွေးအောင် လုပ်နိုင်ပါတယ်။

အဆင့် ၉- Lip Gloss

နောက်ဆုံးအဆင့်ရောက်ပါပြီ။ နှုတ်ခမ်းနီနဲ့ပတ်သက်ပြီး သိပ်မကျွမ်းကျင်သေးတဲ့ ပျိုမေတွေအနေနဲ့ နှုတ်ခမ်းနီ အရောင်စိုစိုလေးနဲ့ တောက်တောက်လေးတွေကို သုံးပေးသင့်ပါတယ်။ သင်က နှုတ်ခမ်းကွဲတတ်ရင် နှုတ်ခမ်းနီမဆိုးခင် Lip Balm လေးသုံးပေးပါ။

အဆင့် ၁၀- Setting Spray

မိတ်ကပ်လိမ်းပြီး Spray လေးဖြန်းပေးရပါမယ်။ ဒီလိုဖြန်းပေးတာက အဆီပြန်လာတာ၊ မိတ်ကပ်သားမညီတာတွေကို လျော့ပါးစေပါတယ်။ Setting Spray ကို အသားအရေအမျိုးအစားတိုင်းအတွက် သုံးနိုင်ပါတယ်။ မိတ်ကပ်လိမ်းမယ့် ပျိုမေတိုင်း Setting Spray တစ်ဘူးမဖြစ်မနေဆောင်ထားသင့်ပါတယ်။

ကိုယ်က မိတ်ကပ်လိမ်းပြီး အလှဆုံးဖြစ်နေချင်ရင်တော့ အရင်က မိတ်ကပ်လိမ်းဖို့ပျင်းတဲ့ အကျင့်ကို ဖျောက်ရပါမယ်နော်။

Source: HerBeauty.co

By MyStyle Myanmar