ပထမဆုံးဒိတ်မသွားခင် ပြင်ဆင်သင့်တာကတော့ အများကြီးရှိပါတယ်။ ဥပမာပြောရရင် အဝတ်အစားအတွက် ကြိုပြီးရွေးထားတာမျိုး၊ ဒိတ်မှာ ဘာတွေပြောရမလဲဆိုတဲ့အကြောင်းအရာတွေ စဉ်းစားထားတာမျိုးတွေ လုပ်ကြတာပေါ့။ နောက်ဆုံးအရေးကြီးတာတစ်ခုက အသားအရေကောင်းမွန်ဖို့ပါပဲ။ ဒိတ်မသွားခင်တစ်ရက်ပဲ စောစောအိပ်လိုက်ပြီး ရေများများသောက်ထားလို့နဲ့ မပြီးပါဘူး။

နေ့စဉ် နိုးလာတာနဲ့ Skin Care Routine က မိန်းကလေးတိုင်းမှာရှိသင့်ပါတယ်။ သို့ပေမယ့် ဒိတ်သွားခါနီး တစ်ရက် နှစ်ရက် အလိုမှ အနားကပ်ပြီးလုပ်မယ်ဆိုရင်တော့ ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့ ယုံကြည်လို့ ဝေမျှပေးလိုက်ချင်ပါတယ်။

ကိုယ်နေချင်သလိုနေ အသားအရေကို ဂရုမစိုက်တာက အရေးမကြီးဘူးလို့ဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်လို့မရပါဘူး။ ကိုယ်နဲ့ဒိတ်တဲ့သူ လန့်ပြီးမပြေးသွားဖို့ကတော့ ကိုယ့်တာဝန်လေ။ ဒီတော့ ရည်စားရဖို့ မရဖို့ထက် ကိုယ်အမြဲလှနေဖို့က အဓိကကျတာပါ။

ကဲ First Date မှာ ကြိုပြင်ဆင်သင့်တဲ့ အချက်လေးတွေကတော့ …

ပထမဦးဆုံး အရေးကြီးတာက အသားအရေပြုပြင်ထိန်းသိမ်းခြင်းပါ။ မိတ်ကပ်တွေ ဘာညာတွေမလိမ်းခင် အောက်ခံအသားအရေ ကောင်းဖို့က အဓိကပါ။ ဒါကြောင့် မျက်နှာကို Deep Cleansing လုပ်ပါ။ Mask တို့ Sugar Scrub တို့နဲ့အရင်ဆုံး ဝင်းပကြည်လင်အောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ပြီးတော့ Moisturizer သုံးပြီး တစ်ပတ်ကြာလောက် Skin ကိုကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

နောက်တစ်ဆင့်ကတော့ Primer ပါ။ မျက်နှာမှာ မျက်ကွင်းညိုနေရင် ကြည့်မကောင်းပါဘူး။ တစ်ချို့ဆို Day Cream ၊ Night Cream သုံးကြပါတယ်။ Eye Cream ကလည်း မရှိမဖြစ်အရေးပါဆုံးတစ်ခုပါ။ ဒါကြောင့် မျက်နှာမှာ မိတ်ကပ်မလိမ်းခင် မကွက်အောင်၊ မိတ်ကပ်ကြာရှည်ခံဖို့နဲ့ Concealer အုပ်လိုက်ရင် ခြောက်သွေ့သွေ့ကြီးမဖြစ်ဖို့အတွက် Primer ကို Foundation မထပ်ခင် သေချာလိမ်းထားဖို့လိုပါတယ်။

ကဲ … မိတ်ကပ်လိမ်းရမယ့် အဆင့်ရောက်ပြီမို့ တတိယအချက်က Application ပါ။ မိတ်ကပ်ကိုလိမ်းသင့်တယ်ဆိုတဲ့ အချိန်ထက်ကြိုပြီး လိမ်းခြယ်တတ်ဖို့လိုပါတယ်။ ဒီလိုမှ မိတ်ကပ်သားညက်ပြီး အသားကျမှာပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ သတိထားရမယ့် အချက်တွေရှိပါတယ်။ အဲ့တာတွေကတော့ Long Wear ဖြစ်မယ့် Foundation ၊ Volume ပါတဲ့ Mascara ၊ Kiss-Proof ဖြစ်စေမယ့် Lipstick တွေနဲ့ ပြင်ဆင်ခြယ်သတတ်ဖို့ပါပဲ။

ကဲနောက်ဆုံးအချက်ကတော့ Maintenance ပါ။ မိတ်ကပ်တစ်ခါတည်း လိမ်းထားရုံနဲ့ တစ်နေကုန်လျှောက်သွားသမျှခံမယ်လို မယူဆထားပါနဲ့။ လိျှု့ဝှက်ချက်က Translucent Powder နဲ့ သန့်စင်ခန်းထဲ အလျှင်းသင့်သလိုဝင်ပြီး မျက်နှာကို အဆီမပြန်အောင် မမဲအောင် ထိန်းသိမ်းပေးတတ်ဖို့တော့လိုပါတယ်။ ဒီလိုဆိုရင်တော့ First Date မှာ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်လေးဖြစ်ပြီပေါ့။

Source: AllWomenstalk