အောင်မြင်ရေးဖော်မြူလာ ဆိုတာ မရှိပါဘူး။ ဒါပေမယ့် တစ်ရက်ထက်တစ်ရက် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့အတွက် အထောက်အကူပြုနိုင်မယ့် တစ်နေ့တစ်နာရီ ဖော်မြူလာတချို့ကိုတော့ မျှဝေပေးချင်ပါတယ်။

(၁) Job Skills အတွက် အချိန်ပေးခြင်း

Photo: The Balance Careers

တစ်နေ့ ၈ နာရီ အလုပ်လုပ် ၊ ၈ နာရီအိပ်ပြီး အချိန် ၈ နာရီ ပိုရတယ် ဆိုပါစို့။ တစ်ရက်မှာ ကိုယ့်ရဲ့ Job Skills တက်လာဖို့ တစ်နာရီ အချိန်ပေးကြည့်ပါ။ ဥပမာ- ဘာသာစကားသစ် သင်ယူတာ ၊ Video Editing လေ့လာတာမျိုးပေါ့။ သေချာတာက တစ်နှစ်ကြာရင် နာရီပေါင်း ၃၆၀ ကျော်ကြာ လေ့လာမှုတွေ လုပ်ခဲ့ပြီ ဖြစ်ပါတယ်။

(၂) စာဖတ်ခြင်း

Photo: Pinterest

စာအုပ်တွေလောက် သင့်အတွက် ကောင်းမွန်တဲ့ ဆရာနဲ့ မိတ်ဆွေဆိုတာ မရှိပါဘူး။ စာဖတ်ခြင်းဟာ ဦးနှောက် ဝိတ်မ တာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာအောင် တစ်ရက်တစ်နာရီ စာဖတ်ခြင်းအားဖြင့် သင့်ဦးနှောက်ကြွက်သားတွေ သိပ်အင်အားကြီးလာတာကို ကိုယ်ကိုယ်တိုင် အလန့်တကြားတွေ့ရလာပါလိမ့်မယ်။

(၃) ဘဝရည်မှန်းချက်နောက်လိုက်ခြင်း

Photo: NBC News

လူတစ်ယောက် သူ့ကိုယ်သူ အဆင့်မြှင့်တင်ဖို့ အနည်းဆုံး တစ်ရက်တစ်နာရီတော့ ကိုယ့်ဘဝရဲ့ Life Goals တွေနောက် လိုက်ပါ။ တချို့သူတွေက ဘွဲ့လွန်ဒီဂရီတွေ ရဖို့ ရည်မှန်းချက်ထားတယ်။ တချို့က ပရိုဂရမ်မာကြီးဖြစ်အောင် ရည်မှန်းချက်ထားတယ်။ တချို့က ကိုယ်ပိုင်လုပ်ငန်းလေး ထောင်ချင်တယ်။ တချို့က စာတစ်အုပ်ရေးချင်တယ်။ ဘာပဲဖြစ်ချင်ဖြစ်ချင် ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် တစ်ရက် တစ်နာရီအချိန်ပေးလိုက်ပါ။

(၄) ကျန်းမာရေးလိုက်စားခြင်း

Photo: Prevention

တစ်ရက်ကို Gym တစ်နာရီလောက် ဆော့တဲ့အကျင့်လုပ်ထားပါ။ဒါမှမဟုတ် လမ်းလျှောက်ကြည့်ပါ။ အားကစားလုပ်တာဟာ တစ်သက်လုံး ကျန်းမာပျော်ရွှင်အောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဒီအကျင့်ကြောင့် အမြဲတမ်း ပျော်ရွှင်နေရပါလိမ့်မယ်။

(၅) မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်ပေးခြင်း

Photo: Dreamstime

ဘာတွေပဲလုပ်လုပ် ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ချစ်မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကို အလေးထားဖို့ လိုပါတယ်။ မိတ်ဆွေဘဝနဲ့ မိသားစုပေါ် ချစ်ခင်စွာ စောင့်ရှောက်ခြင်းဟာ လူသားဘဝကို အဓိပ္ပါယ်ပြည့်ဝစေတဲ့ အပြုအမူကောင်းတစ်ရပ်ဖြစ်သလို ဘဝကို ပျော်ရွှင်မွေ့လျော်စွာ နေနိုင်သွားစေမယ့် အရင်းအနှီးတစ်ခုပဲ ဖြစ်ပါတယ်။