မင်္ဂလာပါနော်။ မိန်းကလေးတစ်ယောက်အတွက်တော့ နှုတ်ခမ်းနီဟာ မရှိမဖြစ်ပါပဲနော်။ အနည်းဆုံးတော့ အလှအပကို စိတ်မဝင်စားတဲ့သူတွေမှာတောင် နှုတ်ခမ်းနီရှိကြမှာပါ။ အလှအပကို စိတ်ဝင်စားကြတဲ့ မိန်းကလေးတွေကတော့ အနည်းဆုံး နှုတ်ခမ်းနီ ၄၊ ၅၊ ၁၀ မျိုးလောက်ရှိကြမယ်ထင်ပါတယ်။

MyStyle Myanmar ကစာဖတ်သူတို့ကလည်း မိတ်ကပ်ကို စိတ်ဝင်စားကြတဲ့ သူတွေလို့ ယူဆမိပါတယ်။ ဒီတခါမှာတော့ နှုတ်ခမ်းနီကို ပညာသားပါပါ သုံးနည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ နှုတ်ခမ်းသားခြောက်သွေ့နေလို့ ကြေးချွတ်ချင်တဲ့အခါ Lip Balm ကို ဆိုးပေးလိုက်ပြီး Mascara သန့်သန့်နဲ့ ပွတ်ပေးလိုက်ပါ။

၂။ ပါးနီအနေနဲ့သုံးမယ်

ပါးနီကုန်သွားလို့ စိတ်မညစ်ပါနဲ့။ နှုတ်ခမ်းနီကို ပါးပေါ်မှာ တင်လိုက်ပါ။ ပြီးရင် သေချာလေး Blend လုပ်ပေးလိုက်ပါ။

၃။ နှုတ်ခမ်းပုံမဖော်ခင် Concealer ကို အရင်လိမ်းပေးလိုက်ပါ။ ပြီးရင် Lip Line Pencil နဲ့ နှုတ်ခမ်းဘေးနားမှာဖော်ပေးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းနီ အဆီကို ဆိုးပေးလိုက်ပါ။

၄။ နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ တစ်သျှူးနဲ့ နှုတ်ခမ်းကို သပ်ပေးလိုက်ပါ။ ၂ ခါလောက် သပ်ပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ နည်းနည်းထပ်ဆိုးလိုက်ပါ။ နှုတ်ခမ်းနီ ပိုပြီးတာရှည်ခံပါတယ်နော်။

၅။ နှုတ်ခမ်းနီကို Eyeshadow အနေနဲ့ အသုံးပြုနိုင်ပါတယ်။

၆။ နှုတ်ခမ်းနီကို တာရှည်ခံအောင် ဆိုးပြီးသား နှုတ်ခမ်းနီကို အပေါ်ကနေ တစ်သျှူးအုပ်လိုက်ပါ။ ပြီးရင်တော့ Brush ထဲကို ပေါင်ဒါတင်ပြီး တစ်ရှုးအပေါ်ကနေ လိမ်းပေးလိုက်ပါ။ ရပါပြီနော်။

၇။ နှုတ်ခမ်းနီကို မျက်ကွင်းညိုတာ မသိသာဖို့အတွက် Color Corrector အနေနဲ့ သုံးနိုင်ပါတယ်။ မျက်လုံးအောက်မှာ လိမ်းပေးလိုက်ပြီး သေချာလေး Blend လုပ်ပေးလိုက်ပါ။