ပြေးစက်ပေါ်မှာ ပြေးရတဲ့ အခိုက်အတန့်က ပင်ပန်းသလိုပဲ ဇာတ်လမ်းတွေထဲက Main Character Moment ကိုလည်း ခံစားနိုင်ပါတယ်။ သင်က တစ်ခုခုမှာ မွန်းကျပ်လာရင် ပြေးစက်ပေါ် ပြေးပြီး စိတ်ကို ဖြေဖျောက်နိုင်ပါတယ်။ ဒီလိုပဲ ဇာတ်လမ်းတွေထဲက မင်းသမီးတွေဟာ တစ်ခုခု စိတ်ညစ်စရာ ရှိရင် အားကစားလုပ်ပြီး စိတ်ညစ်တာကို ဖြေဖျောက်တတ်ကြပါတယ်။ သင်က ပြေးစက်ပေါ်မှာ ပြေးနေကျ ကောင်မလေး တစ်ယောက်ဆိုရင် ပြေးရင်း နားထောင်ဖို့ သီချင်းကောင်းလေးတွေ လိုအပ်ပါတယ်။ ဖော်ပြပါ သီချင်းတွေက ပြေးတာနဲ့ လိုက်ဖက်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

၁။ “SUPERNOVA” RAY LAMONTAGNE

သီချင်းစည်းချပ်သံက မြူးကြွပြီး သင်ပြေးလိုက်တိုင်း နောက်က လိုက်လာမယ့် တီးလုံးတွေနဲ့အတူ ပြေးရကောင်းမယ့် သီချင်း ဖြစ်ပါတယ်။ သင်မပြေးချင်တဲ့ အချိန်မှာတောင် ဒီသီချင်းနားထောင်ရင် ပြေးချင်လာပါလိမ့်မယ်။

၂။ “RADIOACTIVE” IMAGINE DRAGONS

တစ်မိနစ်မှာ 128 Beat ရှိတဲ့ Radioactive သီချင်းက Interval Training တွေ လုပ်တဲ့အချိန် လိုက်ဖက်ပါလိမ့်မယ်။ ကယ်လိုရီတွေ များများလောင်ကျွမ်းဖို့ ပြေးတဲ့အချိန် ဒီသီချင်းက လိုက်ဖက်ပါလိမ့်မယ်။

၃။ “COMING OF AGE” FOSTER THE PEOPLE

ဒီသီချင်းက နားထောင်ရတာ ပျော်ဖို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။ သင်ပါ အားကစားလုပ်ရင်းနဲ့ လိုက်ဆိုမိမယ့် သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

၄။ “AROUND THE BEND” THE ASTEROIDS GALAXY TOUR

သင်က အားတက်စေတဲ့ စာသားတွေ မပါဘဲ ရိုးရိုး မဆိုင်တဲ့ သီချင်းမျိုးကို ကြိုက်ရင် ဒီသီချင်းကို သင် အကြိုက်တွေ့ပါလိမ့်မယ်။ သီချင်းရဲ့ တီးလုံးနဲ့ မယ်လိုဒီက သင့်နှလုံးခုန်တာ မြန်အောင် လုပ်ပေးဖို့ ကူညီပေးပါလိမ့်မယ်။

၅။ “RIDIN’ THE STORM OUT” REO SPEEDWAGON

ဒီသီချင်းက Old School သီချင်း အမျိုးအစားဖြစ်ပေမယ့် သင်နားထောင်ကြည့်ရင် သဘောကျမယ့် သီချင်းတစ်ပုဒ်ပါ။ သီချင်းက Catchy ဖြစ်ပြီး သင်နှစ်သက်မှာ မလွဲမသွေပါပဲ။

၆။ “WAKE ME UP” AVICII

ပြေးလို့ အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ကတော့ Wake Me Up သီချင်းပါ။ တကယ့် သံစဉ်လာတာနဲ့ သင် ပြေးချင်စိတ်တွေ တဖွားဖွား ပေါက်လာပါလိမ့်မယ်။

၇။ “STICKSHIFTS AND SAFETY BELTS” CAKE

ပြေးရတာ ပင်ပန်းလာရင် ဘေးကနေ ဖေးမပေးမယ့် သီချင်းကောင်းကတော့ Cake ရဲ့ သီချင်းပါ။ ဘာအာရုံမှ ခေါင်းထဲ မရောက်တော့ဘဲ ပြေးတာနဲ့ သီချင်းကိုပဲ ခေါင်းထဲ ရောက်နေစေမယ့် သီချင်းမျိုးပါ။

Photo Source: Pinterest

Source: Allwomenstalk

By MyStyle Myanmar