အုန်းဆီဆိုတာ ဆံကေသာအလှအတွက် အထိရောက်ဆုံး သဘာဝပစ္စည်းတစ်မျိုးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ အုန်းဆီဟာ ဆံကေသာ သန်စွမ်းမှုကို အားဖြည့် ပေးတယ်ဆိုတာ လေ့လာတွေ့ရှိမှုတွေ အများအပြားက သက်သေပြပြီးဖြစ်ပါတယ်။

အုန်းဆီရဲ့ ဆံကေသာအတွက်အကျိုးကျေးဇူးတွေ

အုန်းဆီဟာ ဆံကေသာ သန်စွမ်းစေဖို့ ရှေးယခင်ကတည်းက အသုံးပြုလာခဲ့ကြတာပါ။ အုန်ဆီမှာ Lauric Acid ဆိုတဲ့ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အဲဒီ အက်ဆစ်ဓာတ်ဟာ ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သက်သာစေပါတယ်။ ဆံပင်ပေါက်တဲ့ အမြစ်လေးကို သန်စွမ်းစေပြီး ဘက်တီးရီးယား ကင်းစင်စေပါတယ်။ ဒါ့အပြင် ဆံကေသာကို သန်စွမ်းစေပါတယ်။ အုန်းဆီကို ဦးရေပြားပေါ်မှာ လိမ်းပြီး ညင်သာစွာနှိပ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးမယ်ဆိုရင်တော့ ဆံကေသာအတွက် ကောင်းမွန်ပါတယ်။

အသုံးပြုနည်း

ခေါင်းမလျှော်ခင်မှာ အုန်းဆီကို အပူပေးလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ်မှာ လိမ်းပေးပြီး ၅ မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ ဦးရေပြားအတွင် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်သန်စွမ်းစေဖို့ အားဖြည့်ပေးပါတယ်။ ပြီးရင် နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချပါ။

အုန်းဆီကို လက်ဖက်ဆီ၊ ကြက်ဆူဆီတို့နဲ့ ရောပြီးလည်း အသုံးပြုပေးနိုင်ပါတယ်။ ဆံကေသာတောက်ပြောင်ဖို့အတွက်ဆိုရင်တော့ ရှားစောင်းလက်ပက်နဲ့ အုန်းဆီကို ရောပြီးသုံးနိုင်ပါတယ်။

ရှားစောင်းလက်ပက်ကလည်း ရောင်ရမ်းမှုကို သက်သာစေပြီး၊ ဘက်တီးရီးယားတွေကို သေစေလို့ ဦးရေပြား ယားယံခြင်းကို သက်သာစေသလို၊ ဗောက်ထခြင်းကနေလည်း ကင်းဝေးစေပါတယ်။