ပျိုမေတို့အတွက် ဒီတစ်ခါမှာတော့ ခြေတံလေးပိုလှလာပြီး တင်ပါးပါထွက်လာစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်ကြေးကျခံပြီး Gym သွားစရာမလိုပဲ အိမ်မှာပဲ အေးဆေးလုပ်နိုင်တာကြောင့် နေ့တိုင်း အချိန်နည်းနည်းပေးပြီး Try ကြည့်သင့်ပါတယ်နော်။

ပုံမှာပြထားတဲ့အနေအထား ပုံစံအတိုင်း Squats ထိုင်ပေးရပါမယ်။ အဲ့အတိုင်း စက္ကန့် ၆၀ ပြည့်အောင် နေပေးပါ။

ပထမပုံထဲက အနေအထားအတိုင်း လက်နှစ်ဖက်က ဗိုက်ကိုကိုင်ပြီး မတ်တပ်ရပ်နေပါ။ ပြီးရင် ဒုတိယပုံထဲကလို ဗိုက်ကိုင်ပြီး ၉၀ ဒီဂရီ ကုန်းလိုက်ပါ။ အဲ့ပုံစံအတိုင်း အကြိမ် ၆၀ ပြည့်အောင် လုပ်ပေးရပါမယ်။

ပထမပုံထဲကလို အနေအထားနဲ့စနေပြီး ဒုတိယပုံထဲကလို ခြေဖျားထောက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ပါ။ ပြီးရင် ခုန်ပြီးပြန်လုပ်ပါ။ အဲ့ပုံစံကိုလည်း အကြိမ် ၆၀ ပြည့်အောင် လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခုံပေါ်ကို ခြေထောက်တင်ပြီး စက္ကန့် ၆၀ နေပေးပါ။ ခါးရိုးကို မတ်မတ်ထားဖို့ လိုပါတယ်။ ဘယ်ခြေထောက်၊ ညာခြေထောက် ပြောင်းလုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကို ကျယ်ကျယ်ကားထားပြီး လက်ကို ဆန့်ထုတ်ထားပါ။ အဲ့အတိုင်း စက္ကန့် ၆၀ ပြည့်အောင် နေပေးရပါမယ်။

ပထမဆုံး မတ်တပ်ရပ်ပြီးနေပါ။ ပြီးတာနဲ့ ပုံမှာပြထားတဲ့အနေအထားအတိုင်း ပြောင်းလုပ်ပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ အဲ့အတိုင်း အကြိမ် ၆၀ ပြည့်အောင် လုပ်ရပါမယ်။ ဘယ်ခြေထောက်၊ ညာခြေထောက် တစ်လှည့်စီလုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်တစ်ဖက်ကို နောက်ကို ဆန့်ထုတ်ပါ။ ပြီးရင် ဟိုဘက်ခြေထောက်ထားသလို ဒူးပြန်ထောက်ပါ။ ပြီးရင် ခြေထောက်ပြန်ဆန့်ထုတ်ပါ။ အဲ့အတိုင်း ဘယ်၊ ညာ တစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၆၀ စီ လုပ်ပေးပါ။

ပထမပုံထဲကလို အနေအထားနဲ့စနေပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ အဲ့အတိုင်း အကြိမ် ၆၀ ပြည့်အောင် လုပ်ပေးရပါမယ်။

Source: www.brightside.me