ဟယ်လို..MyStyle Myanmarရဲ့ အမာခံပရိသတ်တို့ရေ…ဒီနေ့မှာတော့ ဟန်ဆောင်မှုတွေများလွန်းတဲ့လောကကြီးမှာ ဟန်ဆောင်မှုကင်းကင်းနဲ့ ရလိုစိတ်တွေမရှိပဲ့ ခင်မင်ဖို့ကောင်းတဲ့ ရာသီခွင်လေးတချို့ကို ပြောပြပေးချင်ပါတယ်နော်။ လူတိုင်းနီးပါးကတော့ လူတွေရဲ့ လေးစားတာ အထင်ကြီးတာ အားကျတာ လိုချင်ကြပါတယ်။ ဒါကြောင့်တစ်ခါတလေ အထင်ကြီးခံချင်လို့ ဟန်ဆောင်တာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီရာသီခွင်လေးတွေကတော့ ဟန်ဆောင်မှုကင်းပြီး တကယ့်ကိုခင်ဖို့ကောင်းတဲ့ သူလေးတွေပဲ့ ဖြစ်ကြပါတယ်။ နောက်ပြီး ဒီရာသီခွင်တွေက လူတစ်ယောက်ကို ငွေကြေး၊ နေထိုင်ပုံ၊ ပိုင်ဆိုင်မှုတွေအပေါ် ကြည့်ပြီး မဆုံးဖြတ်တတ်ကြပါဘူးနော်။

ကဲ…ဒီလိုဟန်ဆောင်မှုတွေမရှိပဲ့ ခင်ဖို့ကောင်းတဲ့ရာသီခွင်လေးထဲမှာ သင်ပါနေရင်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်စမ်းပါနော်…

CANCER (June 21 – July 22)

ဒီရာသီဖွားတွေက အယောင်ဆောင်ပုံစံနဲ့ မနေတတ်ကြတဲ့သူလေးတွေပဲ့ ဖြစ်ပါတယ်။ သူတို့အနီးအနားက လူတွေရဲ့အောင်မြင်မှုတွေကိုလည်း ဟန်ဆောင်ပြီး မပျော်ပြပါဘူး။ အမှန်တကယ် ရင်ထဲကပီတိနဲ့ သူတို့က ပျော်တတ်ကြပါတယ်။ သူတို့ချစ်ရသူတွေကိုလည်း ပံ့ပိုးပေးကြပါတယ်။ အခြားသူတွေအပေါ်လည်း မနာလိုစိတ်မရှိပါဘူး။

PISCES (February 19 – March 20)

Pisces ရာသီဖွားတွေက သူတို့ဘဝရဲ့အဓိပ္ပာယ်ကို နားလည်သလို အခြားသူတွေအကြောင်းကိုလည်း နားလည်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်ကို အဖတ်နိုင်ဆုံးကလည်း ဒီရာသီဖွားတွေပါပဲ။ လူတစ်ယောက်က အကူအညီလိုရင်လည်း သူတို့က ကူညီဖို့ ဘယ်တော့မှဝန်မလေးတတ်ပါဘူး။

TAURUS (April 20 – May 20)

ဒီရာသီဖွားတွေက လူတစ်ယောက်ရဲ့အကြောင်းကို သူတို့ရဲ့ အပြင်ပန်းသွင်ပြင်တွေနဲ့ မဆုံးဖြတ်တတ်ကြပါဘူး။ တစ်ယောက်တည်းလည်း နေတတ်ကြပါတယ်။ အတင်းအဖျင်းတွေ၊ ကောလဟာလတွေကို ခေါင်းထဲ ဘယ်တော့မှ မထည့်တတ်ကြပါဘူး။ သူတို့ရဲ့ခံယူချက်ကိုပဲ သူတို့အာရုံစိုက်ကြလေ့ရှိပါတယ်။

VIRGO (August 23 – September 22)

Virgo ရာသီဖွားတွေက သူတို့ပြောတဲ့စကားတွေကို မပြောခင် အရင်စဉ်းစားချင့်ချိန်တတ်ကြပါတယ်။ သူတို့ပျော်ဖို့အတွက်နဲ့ လူတစ်ယောက်ရဲ့ခံစားချက်ကို မလှည့်စားတတ်ကြပါဘူး။ ဒီရာသီဖွားတွေနဲ့ စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်။ သူတို့က သင်ပြောတာကို သေချာနားထောင်ပေးမှာပါ။ မာနမကြီးတတ်ကြပါဘူး။

CAPRICORN (December 23 – January 20)

Capricorn တွေက ပေါင်းရသင်းရ တကယ်လွယ်တဲ့ သူတွေပဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေကတော့ အရမ်းစိတ်ရှည်တတ်ကြပြီး ဉာဏ်ပညာကြွယ်ဝကာ လက်တွေ့ဆန်ကြပါတယ်။ တခြားသူတွေကိုလည်း ဝေဖန်ပြောဆိုတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သူတို့ရှိတဲ့အရာအတွက် အမြဲကျေးဇူးတင်တတ်ကြပြီး ရည်မှန်းချက်ကြီးကြတဲ့သူတွေပဲ့ ဖြစ်တယ်။