မရင့်ကျက်တဲ့ Relationship တွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ Relationship ကရော ဘယ်လိုမျိုးဖြစ်နေလဲဆိုတာကို ကြည့်လိုက်ရအောင်။

ခဏခဏရန်ဖြစ်နေခြင်း

မရင့်ကျက်တဲ့ Relationship တွေမှာတော့ ဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့လည်း ခဏခဏရန်ဖြစ်ကြတာပါပဲ။ တစ်ခုခုဆိုရင် ဘာမှမစဉ်းစားပဲ ရန်လုပ်တာ၊ ကြည်နူးတဲ့အချိန်ထက် ရန်ဖြစ်စကားများတဲ့အချိန်က ပိုများနေတာပါ။

သဝန်တိုမှုလွန်ကဲနေခြင်း

သဝန်တိုတာကတော့ Relationship တိုင်းမှာရှိပေမယ့်လည်း မရင့်ကျက်တဲ့ Relationship တွေမှာကတော့ သဝန်တိုမှုလွန်ကဲပါတယ်။ နားလည်မှုမရှိပဲ သဝန်မတိုသင့်တဲ့ ကိစ္စတွေကအစ လိုက်သဝန်တိုပြီး ပြဿနာရှာတာ၊ အဲ့တာတွေကြောင့်ပဲ ရန်ဖြစ်စကားများရတာတွေ ဖြစ်လာပါတယ်။

အနာဂါတ်ကိုစိတ်မဝင်စားခြင်း

နှစ်ယောက်အနာဂါတ်အတွက် မစဉ်းစားသလို စိတ်လည်းမဝင်စားပဲ အရေးမကြီးတာတွေနဲ့ အချိန်ကုန်နေတာမျိုးတွေလည်း ဖြစ်ပါတယ်။ ဒါဟာလည်း မရင့်ကျက်တဲ့ Relationship မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတစ်ခုပါပဲ။

လေးနက်မှုမရှိခြင်း

ဘယ်အရာကိုပဲဖြစ်ဖြစ် လေးနက်မှုမရှိတာကလည်း ရေရှည်အတွက်ဆို အဆင်မပြေပါဘူး။ နှစ်ယောက်လုံးက မရင့်ကျက်တဲ့သူဆိုရင်တော့ အစပိုင်းမှာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ကရင့်ကျက်ပြီး တစ်ယောက်က မရင့်ကျက်တာမျိုးဆိုရင်တော့ စိတ်ပျက်တာ၊ စိတ်ကုန်တာတွေဖြစ်လာပြီး လက်တွဲဖို့ အဆင်မပြေနိုင်ပါဘူး။

အတိတ်ကိုပြန်သွားနေခြင်း

အတိတ်မှာဘာတွေပဲဖြစ်ခဲ့ပါစေ အတိတ်မှာပဲထားခဲ့ပြီး လက်ရှိကိုပဲ အကောင်းဆုံးဖြစ်အောင်နေထိုင်ရမှာပါ။ အဲ့လိုမဟုတ်ပဲ တစ်ခုခုဆို အတိတ်နဲ့ကိုင်ပေါက်ပြီး ပြောဆိုတာ၊ ရန်ဖြစ်စကားများတိုင်း ပြီးခဲ့တဲ့ အတိတ်ကကိစ္စတွေ အမှားတွေကို ပြန်ထောက်ပြပြီး ရန်လုပ်တာတွေကလည်း မရင့်ကျက်တဲ့ Relationship မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာဖြစ်ပါတယ်။

တစ်ကိုယ်ကောင်းဆန်ခြင်း

မရင့်ကျက်တဲ့ Relationship မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေထဲက နောက်ဆုံးတစ်ခုကတော့ တစ်ကိုယ်ကောင်းဆန်တာပါပဲ။ တစ်ဖက်လူအတွက် ဘယ်တော့မှမစဉ်းစားပေးပဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကိုပဲ လုပ်တာမျိုးက မရင့်ကျက်တဲ့သူတွေ၊ တစ်ကိုယ်ကောင်းသမားတွေလုပ်တဲ့ အရာတွေပါ။