လူတိုင်းမှာ ကိုယ်ချစ်ခင်ရသူတွေ ရှိမှာပါ။ ဘယ်သူမဆို ကိုယ်ချစ်ရသူအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးချင်ကြပါတယ်။ ဂရုစိုက်တတ်ကြပါတယ်။ တချို့ ရာသီခွင်တွေကတော့ ရှက်ရကြောက်ရကောင်းမှန်း မသိအောင်ကို ကိုယ်ချစ်တဲ့သူတွေကို အပြည့်အဝ ဂရုစိုက်တတ်သူတွေ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ ရာသီခွင် ပိုင်ရှင်တွေကတော့ တပါးသူအပေါ် ဟန်ဆောင်မှု မပါဘဲ အမှန်တကယ် ဂရုစိုက်ပေးတတ်သူတွေ ဖြစ်ပါတယ်။

၁။ Taurus


Taurus ရာသီဖွားတွေက သူတို့ ချစ်ခင်သူတွေအတွက် နွေးထွေးစွာ ကြိုဆိုပြီး နေချင့်စဖွယ် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးတတ်သူတွေပါ။ သူတို့ရဲ့ နှလုံးသားထဲမှာ သူတို့ ချစ်ရသူတွေက နေရာတစ်နေရာ ယူထားပြီးသားပါ။ သူတို့က ဂရုစိုက်လွန်းတော့ တခြားသူတွေက သူတို့ကို အစွဲကြီးတယ်လို့တောင် သတ်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ Taurus တွေကတော့ သူတို့ ခင်ရတဲ့ သူတွေနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမှ ခေါင်းထဲမထည့်ဘဲ အပြည့်အဝ ဂရုစိုက်တတ်ကြပါတယ်။

၂။ Cancer

Cancer တွေက တပါးသူကို ဂရုစိုက်သလို တခြားသူတွေရဲ့ အမြင်ကိုလည်း ဂရုစိုက်တတ်သူတွေပါ။ သူတို့က တခြားသူတွေရဲ့ အမြင်မှာ ကြင်နာတတ်သူ၊ ချစ်တတ်သူ၊ ကူညီတတ်သူ ဆိုပြီး မြင်လာအောင် လုပ်တတ်သူတွေပါ။ ကိုယ်ချစ်ရသူတွေကို ဂရုစိုက်တတ်သလို အများ အမြင်ကိုလည်း ဂရုစိုက်တတ်သူတွေ ဖြစ်ပါတယ်။

၃။ Virgo


Virgo တွေက အရာရာဟာ သူတို့အတွက် အရေးပါတယ်လို့ ခံယူထားပြီး ဂရုစိုက်လွန်းတဲ့ ရာသီခွင်တွေပဲ ဖြစ်ပါတယ်။ ကိစ္စတစ်ခုခုက Virgo အတွက် အရေးကြီးတယ်ဆိုရင် ဒါကိုပဲ အာရုံစိုက်နေသူတွေ ဖြစ်ပါတယ်။ ဒီရာသီဖွားတွေက သူတို့ဘဝ ပြည့်စုံအောင် ကြိုးစားတတ်သူတွေမို့ သူတို့ လုပ်သမျှနဲ့ သူတို့ ချစ်ရသူတွေကို ဂရုစိုက်တတ်လွန်းသူတွေ ဖြစ်ပါတယ်။

၄။ Libra


အကောင်းဆုံး ဆိုတဲ့ အရာတွေကိုပဲ ဖန်တီးပေးသူတွေက Libra တွေပါ။ ပေါင်းတတ်သင်းတတ်သူတွေက Libra ရာသီဖွားတွေ ဖြစ်ပါတယ်။ အရာရာကို အကောင်းဆုံး ဖြစ်အောင် နေထိုင်တတ်ပြီး အစစအရာရာ ဂရုစိုက်တတ်သူတွေ ဖြစ်ပါတယ်

၅။ Scorpio

Scorpio တွေကတော့ သူတို့ဂရုစိုက်တဲ့အရာကို ထုတ်မပြတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်အတွင်းထဲမှာတော့ ဂရုစိုက်လွန်းသူတွေ ဖြစ်ပါတယ်။ အပြင်ပန်းမှာသာ အရာရာကို ဂရုမစိုက်ဘူးလို့ ဟန်ဆောင်တတ်သူတွေ ဖြစ်ပါတယ်။

၆။ Pisces


Pisces ရာသီဖွားတွေက တစ်ပါးသူတွေရဲ့ ခံစားချက်ကို အလိုလို သိတတ်သူတွေ ဖြစ်ပါတယ်။ တခြားသူနဲ့လည်း အကန့် မကန့်တတ်သူတွေ ဖြစ်ပါတယ်။ လူတွေကို သူတို့ ဂရုမစိုက်ဘူးလို့ မထင်ရအောင် ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။ Pisces တွေက တခြားသူရဲ့ ခံစားချက်တွေကို သူတို့ပါ လိုက်ခံစားပေးတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဘဝမှာ အရေးပါတဲ့ သူတွေကို အပြည့်အဝ ပျော်အောင် ထားတတ်သူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar