ကြီးကျယ်ခမ်းနားလှပပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ အိမ်ကောင်းကောင်းတစ်လုံးကို လူတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ပိုင်ဆိုင်နိုင်ပြီဆိုရင်လည်း ဘယ်လိုအိမ်ကြီးမျိုးကို လိုချင်သလဲဆိုတာ စိတ်ကူးပုံဖော်ဖို့ ခက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အိမ်ဒီဇိုင်းတွေကို နမူနာယူကြည့်လို့ရပါတယ်။ အခုဖော်ပြမယ့် အိမ်ကြီးတွေကတော့ ကမ္ဘာကျော်ဆယ်လီများရဲ့ အခမ်းနားဆုံးနှင့် အလှပဆုံး Luxury ဆန်တဲ့အိမ်တွေပဲ ဖြစ်ပါတယ်။

ဒေါ်လာ ၂၆ မီလီယံတန်သော အိမ်ကြီး

ဒီအိမ်ကတော့ Justin Bieber နဲ့ Hailery Baldwin တို့ရဲ့ အိမ်ကြီးပဲဖြစ်ပါတယ်။

အိမ်ဒီဇိုင်းက ကြည့်လိုက်တာနဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာ တည်ရှိမှန်းသိသာပါတယ်။ ကျယ်ဝန်းတဲ့ ခြံအကျယ်ကြီးထဲမှာ အမျိုးအစားတူ သစ်ပင် (၄) မျိုးကို စိုက်ပျိုးထားကာ အလှဆင်ထားတာကို တွေ့ရပါမယ်။

အတွင်းဧည့်ခန်းကို ဖောက်မြင်ရအောင် ပြုလုပ်ထားတဲ့ မှန်ပြတင်းပေါက်ဒီဇိုင်းကလည်း မိုက်လွန်းလှပါတယ်။ ဘယ်လိုပဲကြည့်ကြည့် နေချင်စရာကောင်းလွန်းလှတဲ့ Luxury အိမ်တစ်လုံးပဲဖြစ်ပါတယ်။

ဒေါ်လာ ၃၀ မီလီယံတန်သော နှစ်ထပ်အိမ်ကြီး

ဒီအိမ်ကြီးကတော့ ကမ္ဘာကျော်အဆိုတော် Adele ရဲ့ အိမ်ကြီးပဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက ဝယ်ယူထားတာဖြစ်ပြီး အိမ်ထဲတွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ရေကူးကန် တစ်ကန်၊ သစ်ပင်အိမ်ငယ်လေး တစ်လုံးတို့လည်း ပါဝင်ပါတယ်။ ရေကူးကန်ပါတဲ့ အိမ်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Adele ရဲ့ အိမ်ပုံစံလေးကို နမူနာယူနိုင်ပါတယ်။

ဒေါ်လာ ၆၀ မီလီယံတန်သော အခမ်းနားဆုံး အိမ်ကြီး

Angelina နဲ့ Brad Pitt တို့ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို ဦးတိုက်မလျောက်တင်ခင်ကတည်းက ဒီအိမ်ကို ဝယ်ထားခဲ့တာ ဖြစ်ပါတယ်။

နေ့စဉ်နေထိုင်တဲ့ အိမ်မျိုးမဟုတ်ဘဲ အပန်းဖြေအနားယူဖို့ရန်သပ်သပ် ဝယ်ယူထားတာဖြစ်ပါတယ်။ ခြံဝန်းကျယ်ကြီးထဲမှာ အိမ်ကြီးတစ်လုံးနဲ့ အိမ်ငယ်လေး နှစ်လုံးပါရှိပါတယ်။

အိမ်ကြီးထဲမှာတော့ အိပ်ခန်း ၂၅ ခန်း ပါရှိပြီး လာရောက်တည်းခိုမယ့် ဧည့်သည်များအတွက် သီးသန့် အိမ်ငယ်လေး နှစ်အိမ်လည်း ပါရှိပါသေးတယ်။ အိမ်ငယ်လေးဆိုပေမယ့် တော်တော်တော့ ကြီးရှာပါတယ်။

သူတို့ရဲ့အခြား သူဌေးသူငယ်ချင်းတွေ လာရောက်တည်းခိုကြတဲ့အခါ အနားယူဖို့ဖြစ်ပြီး ကိုယ်ပိုင်ကမ်းခြေ ပုံစံမျိုးလည်း ဖန်တီးပေးထားပြီး ရွက်လှေတစ်စီးလည်း ထားပေးထားပါသေးတယ်။

ဒေါ်လာ ၇.၃ မီလီယံတန်သော အိမ်ကြီး

ဒီအိမ်ကတော့ One Direction အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ အဆိုတော် Louis Tomlinson ရဲ့ ဟောလိဝုဒ်က အိမ်ကြီးပဲဖြစ်ပါတယ်။

နှစ်ထပ်အိမ်ဖြစ်ပြီး အိပ်ခန်း ၄ ခန်း၊ ရေခိုးခန်း ၅ ခန်းအပြင် ခမ်းနားကြီးကျယ်လှပတဲ့ ဧည့်ခန်းကလည်း ထည်ဝါလှပနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒေါ်လာ ၁၄.၅ မီလီယံတန်သော ဒီဇိုင်းအမိုက်စားအိမ်ကြီး

ဒီအိမ်ကတော့ Miley Cyrus ရဲ့ အိမ်များထဲက အိမ်တစ်လုံးပဲဖြစ်ပါတယ်။ ကျေးလက်ဒေသက အိမ်ပုံစံများအတိုင်း ဒီဇိုင်းဆွဲကာ ဆောက်လုပ်ထားတာဖြစ်ပြီး ခြံကြီးက ၃၃ ဧက ကျယ်ဝန်းပါတယ်။

အိမ်ကြီးထဲမှာ အိပ်ခန်း ၅ ခန်း ပါဝင်ဖွဲ့စည်းထားပြီး ကျေးလက်ဒေသရဲ့ အေးချမ်းတဲ့ အငွေ့အသက်ကို ခံစားရမှာဖြစ်ပါတယ်။ ခြံကျယ်ထဲတွင် ရေကူးကန်အပြင် ဂေါက်ကွင်းလည်း ထားရှိပေးထားပါတယ်။

သင်ရော Luxury ဆန်ဆန် ကြီးကျယ်ခမ်းနားတဲ့ အိမ်မျိုး ဝယ်ယူမယ်ဆိုရင် ဘယ်လိုအိမ်မျိုးကို ဝယ်ယူချင်ပါသလဲ။ Luxury ကွန်ဒိုပုံစံမျိုးကို ကြိုက်တာလား ဒါမှမဟုတ် ခြံကျယ်ကျယ်ကြီးထဲမှာ ဆောက်လုပ်ထားတဲ့ လုံးချင်းအိမ်လေးကို ပိုသဘောကျတာလား။