တစ်ခါတစ်လေ အပြစ်လုပ်ထားတာ တစ်စုံတစ်ရာမရှိပါဘဲ ချစ်သူ ကောင်မလေးက အကြောင်းမဲ့သက်သက် စိတ်တိုနေတာမျိုး ကြုံဖူးပါသလား။ ချစ်သူ ယောကျာ်းလေးအများစုကတော့ အပြစ်မလုပ်ဘဲ ဘလိုင်းကြီး စိတ်လာဆိုးနေရင် ဒေါသထွက်တတ်ကြပါတယ်။ ဒါပေမယ့် သူမမှာ သင်မသိသေးတဲ့ အကြောင်းအရာတွေရှိနေတာကြောင့် ဒေါသထွက်တာမျိုးမပြုလုပ်ဘဲ သေချာအောင်အရင်မေးကြည့်သင့်ပါတယ်။

(၁) ဓမ္မတာလာတဲ့အချိန်

မိန်းကလေးတွေအတွက် လစဉ်ဓမ္မတာလာချိန်ဟာ စိတ်ထိရှအလွယ်ဆုံးအချိန်တစ်ခုလို့ ပြောလို့ရပါတယ်။ ဓမ္မတာလာချိန်ဟာ သာမာန်အချိန်ထက်ပိုပြီး စိတ်ထိခိုက်လွယ် ၊ ဒေါသထွက်လွယ်နေတက်တာကြောင့် သူမရဲ့စိတ်ထွက်ပေါက်က အချိန်မရွေး သင်ဖြစ်သွားနိုင်ပါတယ်။ သာမာန်သူမ စားမယ့်မုန့်ဟင်းခါးပန်းကန်ထဲ နံနံပင်ထည့်မိတာကအစ အကြီးအကျယ်ဒေါသထွက်စရာဖြစ်နေတတ်တဲ့ အချိန်မျိုးပါ။

(၂) ဗိုက်ဆာနေတဲ့အချိန်

မိန်းကလေးအများစုရဲ့ အနှစ်အသက်ဆုံးအရာတွေထဲမှာ အလှပဆိုင်ရာပစ္စည်းတွေပြီးရင် အစားအသောက်က ဒုတိယနေရာမှာရှိပါတယ်။ မိန်းကလေးတွေ ဗိုက်ဆာနေတဲ့အချိန်က ပေါက်ကွဲတော့မယ့် မီးတောင်တစ်ခုလို ဒေါသတွေ မီးတွေ ဟုန်းဟုန်းတောက်နေတတ်ပြီး ကြောက်စရာအကောင်းဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။ အချစ်ကိုသာ ဝေမျှခံစားချင်ခံစားမယ် အစားအသောက်ကိုတော့ ဝေမျှမစားနိုင်ဘူးဆိုတဲ့သူတွေထဲမှာ မိန်းကလေးတော်တော်များများပါပါတယ်။

(၃) အိမ်မက်မက်တဲ့အချိန်

တစ်ခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ အိမ်မက်မက်လို့ ညကြီးအချိန်မတော်ဖုန်းဆက်ပြီး ကွိုင်ရှာတာခံဖူးကြလား။ မယုံမရှိပါနဲ့ မိန်းကလေးတွေဟာ စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့သူတွေဖြစ်တာကြောင့် ဘာမှမဟုတ်တဲ့ အိပ်မက်မက်တဲ့အကြောင်းအရာကအစ ဒေါသစိတ်တွေထိန်းမရဖြစ်တတ်ကြပါတယ်။ သူမ မက်တဲ့အိမ်မက်ဖြစ်သော်လည်း အိမ်မက်ထဲမှာ တွေ့လိုက်တဲ့ကောင်မလေးက ဘယ်သူလဲဆိုတာပါ မရမကလိုက်မေးတတ်တာမျိုးပါ။

(၄) အမှတ်တရနေ့တွေ မေ့နေတဲ့အချိန်

Anniversary နေ့လို အမှတ်တရနေ့ရက်တွေကို မေ့နေတဲ့အချိန်က မိန်းကလေးတွေအတွက် စိတ်တိုဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ မိန်းကလေးအများစုက ချစ်သူနှစ်ဦးကြားက အမှတ်တရနေ့ရက်လေးတွေကို အလေးထားတာမျိုး ၊ သတိတရထုတ်ပြောတာမျိုးတွေကို အလွန်အမင်းနှစ်သက်ကြပါတယ်။ အကယ်၍ ကိုယ်က အကြောင်းကြောင်းကြောင့် အထိမ်းအမှတ်နေ့လေးတွေကို မေ့နေမယ်ဆိုရင်တော့ ရှင်းမရအောင်အကြီးအကျယ်ကွိုင် ရှာခံရမယ့်နေ့ဖြစ်သွားတင်တာကြောင့် သတိထားသင့်ပါတယ်။

(၅) Diet လုပ်နေတဲ့အချိန်

အပေါ်မှာပြောခဲ့သလိုပါပဲ မိန်းကလေးတွေအကြိုက်ဆုံးအရာတွေထဲမှာ အစားအသောက်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အချိန်တိုင်းနီးပါး တစ်ခုမဟုတ်တစ်ခု စားနေရမှ ကျေနပ်တဲ့သူတွေအတွက်တော့ စားချင်တာမစားရဘဲ Diet လုပ်နေချိန်က လူသတ်ချင်လောက်အောင် ဒေါသထွက်ကြပါတယ်တဲ့နော်။ လှကလည်းလှချင် စာချင်တာလည်းမစားရတဲ့အခါ ဒေါသတွေက ကိုယ့်အပေါ်ပုံကျလာတတ်တာကြောင့် ယောကျာ်းလေးတွေအနေနဲ့ ရှောင်လင်သိုင်းတွေ သင်ထားဖို့လိုပါမယ်။