ချစ်ရသူတွေနဲ့အတူ နှစ်သစ်ကိုကြိုဆိုဖို့နဲ့ နှစ်ဟောင်းကိုနှုတ်ဆက်ဖို့ December လကို ရောက်လာပြန်ပြီနော်။ December ပိတ်ရက် အားလပ်ရက်တွေမှာ သူငယ်ချင်းတွေ၊ ကလေးတွေ၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်ရသူနဲ့ အတူရှိနေရင် ဒါတွေလုပ်ကြည့်ပါ။ သင့်အတွက် အမှတ်ရနေ့မယ့် အချိ်န်ကောင်းတွေ ပိုင်ဆိုင်စေမှာပါ။

ခရီးထွက်ပါ

ပိတ်ရက်မှာ မိသားစု သူငယ်ချင်း ချစ်ရသူတွေနဲ့ ခရီးထွက်ပါ။ ရာသီဥတုအေးအေးလေးနဲ့ December က တကယ်ကို ခရီးသွားလို့ကောင်းတဲ့လတစ်လပါပဲ။

အိမ်သန့်ရှင်းပါ

အားလပ်ရက်မှာ တေးဂီတကို နားထောင်ရင်း မိသားစုလိုက် အိမ်သန့်ရှင်းရေးလုပ်ပါ

အလှဆင်ပါ

အေးမြတဲ့ဆောင်းတွင်းရဲ့ နှင်းတွေကြားမှာ အိမ်ကို မီးရောင်စုံတွေနဲ့လည်း အလှဆင်လို့ရပါသေးတယ်။

Holiday Movies ကြည့်ပါ

ဒီလိုအားလပ်ရက်မှာ မိသားစုကိုအချိ်န်ပေးရင်း Holiday Movies တွေကြည့်လို့ရပါသေးတယ်။ ဒီအချိန်က ရာသီအလိုက် ရုပ်ရှင်တွေကြည့်လို့ အကောင်းဆုံးအချိန်ပါပဲ။

ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ပါ

နှစ်တစ်နှစ် ကုန်ဆုံးခါနီးပြီမလို့ တစ်နှစ်ပတ်လုံးလုပ်ခဲ့တဲ့ အရာတွေကို ပြန်တွေးရင်း အောင်မြင်မှုတွေကို ဂုဏ်ယူလိုက်ပါ။ မှားခဲ့တာတွေကို ပြန်သုံးသပ်ပါ။

ဆုံးဖြတ်ချက်များချမှတ်ပါ

လာမည့်နှစ်အတွက် စိတ်ကူးအသစ်တွေ ၊ ရည်ရွယ်ချက်တွေ ၊ ရည်မှန်းချက်တွေကို စတင်စဉ်းစားပါ။ ပလန်ချပါ။