နှုတ်ခမ်းက ညိုလာလို့ မဲလာလို့ဆိုရင် ကိုယ်ဒီအရာတွေကို လုပ်နေမိလားဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ ဘာကြောင့်လဲဆိုရင်တော့ ဒီအရာတွေက နှုတ်ခမ်းညိုမဲလာရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေလို့ပါပဲ။

နှုတ်ခမ်းအမြဲခြောက်နေခြင်း

နှုတ်ခမ်းကအမြဲခြောက်ပြီး ကွဲနေတာကို ဒီတိုင်းထားမယ်ဆိုရင် ကြာလာတဲ့အခါမှာ ညိုမဲလာပါလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း Lip Balm ဆိုးတာမျိုး၊ ညတိုင်း Lip Balm or Lip Mask လိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။

Dead Cells တွေကိုမဖယ်ရှားခြင်း

တစ်ပတ်တစ်ခါ နှုတ်ခမ်းကို Lip Scrub လုပ်ပေးမယ်ဆိုရင်တော့ Dead Cells တွေကို ဖယ်ရှားပေးပြီးသားဖြစ်လို့ နှုတ်ခမ်းညိုမဲတာ၊ ခြောက်သွေ့တာတွေ သက်သာစေပါတယ်။ နှုတ်ခမ်းသားလည်း နူးညံ့ချောမွေ့စေပါတယ်။ ဒါကြောင့် နှုတ်ခမ်းညိုမဲနေတယ်ဆိုရင် Lip Scrub ပုံမှန်လုပ်ဖြစ်ရဲ့လား ပြန်စဉ်းစားပါ။

နှုတ်ခမ်းကိုလက်နဲ့ကလိခြင်း

အဆိုးဆုံးကတော့ နှုတ်ခမ်းကို လက်နဲ့ကလိတာပါပဲ။ နှုတ်ခမ်းခြောက်ပြီးကွဲရင် လက်နဲ့ကုတ်ဖဲ့တာ၊ သွေးထွက်တာတွေဖြစ်ရင် ပိုးဝင်ပြီး နှုတ်ခမ်းက အမြဲပြန်ပြန်ဖြစ်နေမှာပါ။ ပြီးရင် နှုတ်ခမ်းညိုမဲတာတွေလည်း ဖြစ်လာပါလိမ့်မယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တဲ့သူရဲ့နှုတ်ခမ်းက တစ်ဖြေးဖြေးနဲ့ ညိုမဲလာပါတယ်။ ဒါကြောင့် အပေါ်ကအချက်တွေနဲ့လည်း မကိုက်ညီပဲနဲ့ နှုတ်ခမ်းညိုမဲလာတယ်ဆိုရင် ဆေးလိပ်သောက်နေလား ပြန်ကြည့်ပါ။ တကယ်လို့ နှုတ်ခမ်းညိုမဲတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ဆေးလိပ်သောက်တာကို ရှောင်သင့်ပါတယ်။