Relationship တစ်ခုမှာ ယောကျာ်းလေးတွေကပဲ လိမ်တတ်တယ်လို့ထင်ထားရင်တော့ လုံးဝကို မှားသွားပါလိမ့်မယ်။ ယောကျာ်းလေးတွေနည်းတူ မိန်းကလေးတွေလည်း လိမ်တတ်ကြပါတယ်။ မိန်းကလေးတွေ လိမ်တယ်ဆိုတာကတော့ သူတို့ရဲ့ စိတ်ထဲအရာတွေကို လက်တွေ့မှာပြောင်းပြန်အနေအထားပြောဆို လိမ်ညာကြတာဖြစ်ပါတယ်။ ဘယ်လိုစကားတွေက ချစ်သူကောင်မလေးဟာ ကောင်လေးအပေါ် လိမ်နေပြီဆိုတာသိရအောင် ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) စိတ်မဆိုးပါဘူး

မိန်းကလေးတွေဆီက စိတ်မဆိုးပါဘူးဆိုတဲ့စကားဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ အင်အားပြင်း လက်နက်ကြီးတစ်ခုပါနော်။ စိတ်မဆိုးပါဘူးလို့ပြောလာရင်တော့ သေချာပါတယ် သူတို့ရဲ့ ရင်ထဲက ဒေါသအလိပ်လိပ်ကို မြိုချကာ ဟန်ဆောင်နေတာဖြစ်ပါတယ်။ စိတ်မဆိုးပါဘူးဆိုရင်တော့ ဘာအမှားလုပ်မိလည်း ပြန်တွေးပြီး ချော့ဖို့သာပြင်ထားပါတော့။

(၂) လာမချော့နဲ့

အချော့မကြိုက်တဲ့ မိန်းကလေးတစ်ယောက်လောက် ဒီကမ္ဘာမှာရှိနိုင်လားလို့ ရိုးရိုးလေးပဲတွေးကြည့်ပါ။ စိတ်ဆိုးစိတ်ကောက်တာဟာ မိန်းကလေးတွေရဲ့သဘာဝဖြစ်ပြီး ချော့ရမှာက ကောင်လေးတွေရဲ့ တာဝန်ဖြစ်တာကြောင့် လာမချော့နဲ့လို့ပြောလာရင်တော့ ပြောတဲ့အတိုင်း ပစ်မထားပါနဲ့။ သူတို့စိတ်ထဲက ချော့စေချင်နေရင်တောင်မှ မချော့နဲ့လို့လိမ်ပြောတတ်ကြတာမလို့ တစ်နည်းနည်းနဲ့ချော့ဖြစ်အောင်ချော့လိုက်ပါ။

(၃) လုပ်ချင်တာလုပ်ဂရုမစိုက်ဘူး

ဒီစကားကတော့ ဂျစ်ကန်ကန်တဲ့အခါ ပြောလေ့ရှိတဲ့စကားပါ။ ဥပမာ ချစ်သူကောင်လေးက သူငယ်ချင်းတွေနဲ့ Night Out ထွက်မယ်လို့ ခွင့်တောင်းတယ်ဆိုပါစို့။ သူတို့ရင်ထဲမှာတော့ ခွင့်မပြုချင်ပေမယ့် ဂျစ်ကန်ကန်ပြီး လုပ်ချင်တာလုပ် ဂရုမစိုက်ဘူးလို့ ဆိုတတ်ကြပါတယ်။ ဒီလိုစကားမျိုးနဲ့လိမ်လိုက်ပေမယ့် သူတို့ရင်ထဲမှာတော့ ဝမ်းနည်းမှုတွေ စိတ်မကောင်းဖြစ်မှုတွေနဲ့ ပြည့်နှက်သွားတယ်ဆိုတာတော့ သင့်အနေနဲ့ သိထားသင့်ပါတယ်။

(၄) အတိတ်ကဖြစ်ခဲ့တာတွေကို အပြစ်မယူပါဘူး

တစ်ခါတစ်လေ မိန်းကလေးတွေအကျင့်က ကောက်စရာမရှိ ကြံဖန်ကောက်ဖို့ တွေးနေတတ်ကြပါတယ်။ စိတ်ကောက်ဖို့ လုံလောက်တဲ့အကြောင်းအရာမရှိရင်တော့ ကိုယ်ရဲ့ အရင်ရည်းစားဟောင်းအကြောင်း စမေးပါတယ်။ အတိတ်ကဖြစ်ခဲ့တာတွေကို လုံးဝ စိတ်မဆိုးပါဘူးလို့ဆိုပေမယ့် ဖြစ်ကြောင်းကုန်စဉ် ကိုယ်ရဲ့ဇာတ်ထုပ်ဟောင်းကို ဖြည်ချလို့ပြီးတဲ့အချိန်မှာတော့ “ကိုယ်က သဲထက် ရည်စားဟောင်းကိုပိုချစ်တာ” ဘာညာနဲ့ စတင်စိတ်ကောက်ပြီဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ကအရာတွေ မေးလာရင် ပညာသားပါပါဖြေတတ်ဖို့ တွေးထားပါ။

(၅) သဝန်မတိုပါဘူး

မိန်းကလေးတွေပြောတဲ့ သဝန်မတိုဘူးဆိုတာ လိမ်တာပါ။ သူမကလွဲပြီး သင့်ကိုတခြား ဘယ်အမျိုးသမီးနဲ့မဆို သဝန်တိုတတ်ကြပါတယ်။ သဝန်မတိုဘူးပြောထားပေမယ့် သင့် BFF မိန်ကလေးသူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ စသည့်ဖြင့် သင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ မိန်းကလေးတွေ မှန်သမျှကို အကုန်လိုက်စုံစမ်း ထောက်လှမ်းထားပြီးသားဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်မသိတဲ့အရာတွေတောင် သူက သိနေတက်ပါတယ်။ ဒါကြောင့် သဝန်မတိုဘူးဆိုတာ အလိမ်အညာစကားတစ်ခုသာ ဖြစ်ပါတယ်။