အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာတော့ တောင်ကိုရီးယားမှာ ကျော်ကြားနေတဲ့ တက်သစ်စ Le Sserafim အဖွဲ့ရဲ့ ခေါင်းဆောင် Chaewon ရဲ့ ဖက်ရှင်လေးတွေကို တင်ဆက်သွားဖို့ စီစဥ်ထားပါတယ်။

ချစ်စရာကောင်းသလို Sexy ကျတဲ့ အဆိုတော်မလေးဖြစ်ပြီးတော့ အရင်တုန်းက Izone အဖွဲ့မှာလည်း ပါဝင်ခဲ့ဖူးတော့ သူမကိုတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။

သူမရဲ့ ကလေးလေးလို ချစ်စရာကောင်းတဲ့မျက်နှာ၊ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ပေါ့ပါးလွတ်လပ်ပြီး စတိုင်ကျတဲ့ ဖက်ရှင်တွေကို အမြဲတမ်းဝတ်ဆင်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

Chaewon ကိုတော့ ၂၀၀၀ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က မွေးဖွားခဲ့တာဆိုတော့ အခုမှ အသက်ငယ်ငယ်လေးရှိသေးတယ်နော်။

အရပ်အမြင့်အနေနဲ့က ၅ ပေ ၄ လက်မ ရှိပြီးတော့ ကိုယ်အလေးချိန်အားဖြင့်လည်း ၉၃ ပေါင်သာရှိပါတယ်။ Le Sserafim အဖွဲ့မှာ Sakura ပြီးရင် ဒုတိယမြောက် အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်တွေအများကြီးထဲကမှ မြန်မာနိုင်ငံက စာဖတ်သူမိန်းကလေးတွေလည်း သဘောကျပြီး လိုက်ဝတ်လို့ရမယ့် Chaewon ရဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Image Source: Pinterest