တချို့အတွက်တော့ သူတို့ရဲ့ အချစ်ရေးက ဇာတ်လမ်းတွေထဲကလို ဖြစ်နေတတ်ပြီး တချို့အတွက်တော့ အချစ်က စိတ်ကူးယဉ်ဆန်စရာ ကဗျာတစ်ပုဒ် မဖြစ်ခဲ့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းရဲ့ အချစ်ရေးက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတာချည်းပါပဲ။ သင်က အိမ်ထောင်ရေး ကံကောင်းချင်တယ်ဆိုရင် ကိုယ်လက်ရှိတွဲနေတဲ့ အမျိုးသားက အိမ်ထောင်ပြုသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံရဲ့လား ဆန်းစစ်ကြည့်သင့်ပါတယ်။ လက်ထပ်ယူသင့်တဲ့ အမျိုးသား အများစုမှာ ဒီအရည်အချင်းတွေ ရှိတတ်ပါတယ်။

၁။ သင့်ကို သက်သောင့်သက်သာ ဖြစ်စေတယ်

သင်က သူ့အနားမှာ ဟန်ဆောင်စရာမလိုပါဘူး။ သင် အားရပါးရ ရယ်တာကို သူမြင်ဖူးသလို၊ သင်မူးတာ၊ သင်ငိုတာ၊ သင်ဒေါသထွက်တာ အကုန်လုံးက သူမြင်ဖူးပြီး သင့်ရဲ့ ကောင်းတာ ဆိုးတာအားလုံးကို သူက လက်ခံနိုင်ပါတယ်။

၂။ သင့်ကို ပျော်ရွှင်စေတယ်

သင်က သူနဲ့ တွေ့ရတိုင်း ပျော်ရွှင်ရပါတယ်။ သူက သင့်ကို ဘုရင်မ တစ်ပါးလို ဆက်ဆံပြီး သူနဲ့ ကုန်ဆုံးရတဲ့အချိန်ကာလ အများစုက သင့်ကို ပျော်ရွှင်စေပါတယ်။

၃။ သူ့ကို ဆွဲဆောင်မှုရှိတယ်လို့ မြင်တယ်

တခြားသူတွေရဲ့ အမြင်မှာတော့ သင့်ကောင်လေးက ဆွဲဆောင်မှု ရှိချင်မှ ရှိမှာပါ။ သင့်မျက်လုံးထဲမှာတော့ သူက ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းနေတတ်ပါတယ်။

၄။ သစ္စာရှိတယ်

သင်လက်ထပ်ယူမယ့် အမျိုးသားက သင့်အပေါ်မှာပဲ စိတ်ဝင်စားမှု ရှိပြီး သင့်ကိုပဲ သစ္စာရှိသင့်ပါတယ်။ ဒီလိုမှ အိမ်ထောင်ပြုတဲ့အချိန် သင်က စိတ်ချနိုင်မှာပါ။

၅။ နားထောင်ကောင်းသူ

သူက သင်ပြောသမျှကို အမြဲ အချိန်ပေးပြီး နားထောင်တတ်ပါတယ်။ သင်စိတ်ဆိုးပြီး ပြောတဲ့စကားတွေကိုလည်း သူက အလိုက်တသိ နားထောင်ပေးပြီး သင့်ကို လေးစားသူ ဖြစ်ပါတယ်။

၆။ သူက တွေးတတ်ပြီး စိတ်ကူးယဉ်ဆန်တယ်

သူက သေးသေးပဲ ဖြစ်ဖြစ် ကြီးကြီးပဲ ဖြစ်ဖြစ် သင်ရင်ခုန်အောင် လုပ်တတ်ပါတယ်။ သင့်မျက်နှာမှာ အပြုံးလေး တစ်ပွင့်ပေါ်လာဖို့ သူက တွေးတောဖန်တီးပေးနိုင်ပါတယ်။

၇။ သူက ချစ်ဖို့ကောင်းတယ်

သူက ကြင်နာတတ်ပြီး သင့်အပေါ် ဂရုစိုက်သူ ဖြစ်ပါတယ်။ သူက လူကွယ်ရာမှာ သင့်ကို ဂရုစိုက်သလို လူရှေ့ရောက်ရင်လည်း သင့်အပေါ် ဂရုစိုက်တတ်ပါတယ်။

၈။ သင့်ကို တန်ဖိုးထားတယ်

သင် လက်ထပ်မယ့်သူက သင့်အပေါ် တန်ဖိုးထားတဲ့ သူဖြစ်သင့်ပါတယ်။ သင့်ကို ပိုင်ဆိုင်ထားရခြင်းက သူ့ရဲ့ ကံကောင်းခြင်း ဆုလာဒ်တစ်ခုလို့ ခံယူထားလေ့ရှိပါတယ်။

၉။ သင့်ဘဝထဲမှာ ဝင်ဆန့်တယ်

သူက သင့်မိသားစု၊ သင့်သူငယ်ချင်းတွေနဲ့ အံဝင်ခွင်ကျ ဖြစ်ပါတယ်။ သင့်ရဲ့ လက်တွေ့ဘဝထဲမှာ ဝင်ဆန့်အောင် ကြိုးစားတတ်ပါတယ်။ သူက သင့်သူငယ်ချင်းတွေ သဘောကျအောင်ပါ ကြိုးစားတတ်သူပါ။

၁၀။ သင့်အတွက် ဘာမဆို လုပ်ပေးနိုင်တယ်

သူက သင်ပျော်ရွှင်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ပေးမယ့် သူမျိုးပါ။ သူက သင့်ကို ချစ်တာမို့ သင့်အတွက် အရာရာ လုပ်ပေးမယ့် သူပါ။

သင့်လက်တွဲဖော်က ဒီလိုအချက်တွေနဲ့ ပြည့်စုံတယ်ဆိုရင်တော့ သူက Marriage Material ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar