ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ထင်ရပေမဲ့ တစ်ခါတစ်လေကျတော့ လူတစ်ယောက်ရဲ့အချစ်ကို ရယူပိုင်ဆိုင်ဖို့အတွက် လုံးဝမဖြစ်နိုင်တော့တဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲ့ဒီအချိန်ကျရင် ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်မိစေဖို့နဲ့ အဲ့ဒီအခြေအနေကို လက်ခံနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်နော်။ အခုပြောပြမယ့် အကြောင်းအရာကတော့ ဘယ်လိုမျိုးလူတွေကိုတော့ နာကျင်စွာဆက်ပြီးဖက်တွယ်ထားမယ့်အစား လုံးဝလက်လွှတ်လိုက်သင့်သလဲဆိုတာပဲ့ ဖြစ်ပါတယ်။

၁။ သင်က အားနည်းတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ သတိရပါ။

သင့်ဘဝမှာ လက်လွှတ်လိုက်တဲ့အချိန် သူဆိုတာ လုံးဝပျောက်ကွယ်သွားမယ်ဆိုတဲ့အသိက လက်ခံဖို့ ခက်ခဲလွန်းပါတယ်။ သူရှိနေမှ သင့်အပြုံးလေးတွေက အသက်ဝင်ခဲ့တာပဲလေ။ ဒါပေမဲ့ သင်မှတ်မိသေးရဲ့လား။ သင့်ဘဝရဲ့ ဘုရင်မက ဘယ်သူလဲဆိုတာ။ သင့်ဘဝကို ဘယ်သူက နာကျင်အောင် လုပ်မလဲ၊ ဘယ်သူက ပျော်ရွှင်စေမလဲ သင်ကိုယ်တိုင် စီမံလို့ရပါတယ်။ သူ့ကို လက်လွှတ်တာကြောင့် သင်က အားနည်းသူတစ်ယောက် မဖြစ်သွားပါဘူး။

၂။ သင့်ကို တန်ဖိုးမထားစွန့်လွှတ်လိုက်တဲ့သူတစ်ယောက်ကို ပြန်စွန့်လွှတ်နိုင်အောင် လုပ်ပါ။

ဒီစွန့်လွှတ်ခြင်းအဆင့်က အရေးအပါဆုံးအဆင့်ပါပဲ။ ဘဝမှာ အခက်အခဲအများကြီးကို ဖြတ်ကျော်ပြီးချိန်က ဂုဏ်ယူစရာအကောင်းဆုံးပါပဲ။ အခုလက်လွှတ်ဖို့ ကြိုးစားနေတဲ့အချိန်က ပျော်စရာမရှိသေးပါဘူး။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ သင့်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်လာမှာပါ။

၃။ သင်ရဲ့အလှကို တန်ဖိုးထားတတ်ပါစေ။

သင့်အလှကို မခံစားတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ရအောင်နော်။ ကျွန်မတို့ရဲ့ ငယ်ရွယ်မှု၊ အလှတွေကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာ မဖြုန်းဘဲနေရအောင်။

၄။ သင့်ခံစားချက်တွေကို နာကျင်စွာ မဆုပ်ကိုင်ထားမိပါစေနဲ့

သူက သင့်ကို လုံးဝမချစ်နိုင်တော့တဲ့အခါ သင့်ရဲ့ နှလုံးသားဟာလည်း ကွဲသွားတဲ့ ဖန်ကွဲစလေးလိုပါပဲ။ ငိုချလိုက်ပါ။ တစ်နေ့လုံး အခန်းထဲ အောင်းပြီး အိပ်နေလိုက်ပါ။ ဒီလိုတွေလုပ်နေရုံနဲ့ သင်က အသုံးမကျတဲ့လူတစ်ယောက် မဖြစ်သွားပါဘူး။ သူ့ကို လက်လွှတ်လိုက်တာက ဘဝကို အရှုံးပေးတဲ့လူတစ်ယောက်ဘဝဆီ မရောက်သွားပါဘူး။ ဒီလက်လွှတ်ခြင်းက ဘဝအတွက် အသုံးမဝင်တဲ့အရာကို လက်လျှော့ခြင်းပါ။

သင့်ဘဝရဲ့ ဘုရင်မက သင်ကိုယ်တိုင်ပဲ့ဆိုတာ အမြဲသတိရပါ။ တစ်နေ့နေ့ သင့်ကို အရာရာ နားလည်ပေးပြီး အပြည့်အဝချစ်မယ့် လူတစ်ယောက်နဲ့ ဆုံတွေ့မှာပါ။ သင့်ကို အပြည့်အဝကာကွယ်ပေးမယ့် ဘုရင်တစ်ပါးကိုပဲ စောင့်မျှော်လိုက်ပါ။