သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားရုံနဲ့တင် Well-Groomed ဖြစ်ပြီလို့ ပြောလို့ မရပါဘူး။ ဖက်ရှင်ကျတဲ့သူတစ်ယောက်ကို ပိုပြီး စမတ်ကျပြီးပြည့်စုံစေဖို့ အရည်အသွေးကောင်းတဲ့ ရေမွှေးသုံးဖို့လည်း လိုပါတယ်။

အရွယ်တစ်ခု ရောက်လာတဲ့ လူအများစုက ရေမွှေးသိပ်မသုံးတော့တာ တွေ့ရပါတယ်။ အတော်လေး ကိုယ်နံ့ဆိုးတဲ့သူမျိုးနဲ့ သပ်သပ်ရပ်ရပ် နေတတ်တဲ့သူတွေမှသာ ရေမွှေးဆောင်လေ့ ရှိကြပါတယ်။

တကယ်တော့ စမတ်ကျကျ နေထိုင်မှုဖြစ်ဖို့အတွက် ရေမွှေးဟာ သင်ထင်ထားတာထက် ပိုပြီး အရေးကြီးတဲ့ အရာ ဖြစ်ပါတယ်။

(၁) ရေမွှေးတွေက ကိုယ့်ရဲ့ အမှတ်လက္ခဏာလည်း ဖြစ်လာနိုင်တယ်

ရနံ့တွေဟာ သင့်ရဲ့ မှတ်ဉာဏ်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ တချို့ရနံ့တွေက အရာအားလုံးကို မေ့နေရင်တောင် အဲ့ဒီအနံ့ ပြန်ရချိန်မှာ ပြန်ပြီး သတိရနိုင်တဲ့အထိ စွမ်းပါတယ်။

ရေမွှေး ဆွတ်တတ်သူတွေဆို လူတွေက ထူးခြားတဲ့ မှတ်ဉာဏ်တမျိုးနဲ့ မှတ်မိနိုင်ပါတယ်။ သူများနဲ့မတူဘဲ လူတွေအကြားမှာ ထူးခြားချင်ရင် ရေမွှေးသုံးပါလို့ ပြောချင်ပါတယ်။

(၂) ကောင်းမွန်တဲ့ရနံ့ကို လူတိုင်း သဘောကျတယ်

ရေမွှေးနံ့ သင်းသင်းကို ဘယ်သူမဆို သဘောကျတာပါပဲ။ ကိုယ့်အနားရောက်လာသူက ချွေးနံ့ထွက်နေရင် ဘယ်သူက သဘောကျပါ့မလဲ။ သူစိမ်းတွေနား သွားမယ်ဆို Impression ကောင်းရအောင် မွှေးမွှေးကြိုင်ကြိုင်နဲ့ သွားဖို့လည်း အကြံပြုချင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမယ်

ဒီအချက်ကလည်း ရှင်းပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းအကျဆုံးအချိန်မှာ ယုံကြည်မှုအမြင့်ဆုံး ရှိတာဖြစ်ပါတယ်။ အလုပ်မီတင်ပဲ သွားသွား ၊ သူငယ်ချင်းတွေနဲ့ပဲ တွေ့တွေ့ ကိုယ့်ချစ်သူနဲ့ပဲ ချိန်းချိန်း ကိုယ်နံ့ကောင်းကောင်းလေးနဲ့ သေသေသပ်သပ်လေး ဝတ်ဆင်ထားရင် ယုံကြည်မှုအပြည့် ရှိနေမှာ အမှန်ပါပဲ။

(၄) ရေမွှေးနံ့မပါရင် ဖက်ရှင် မပြည့်စုံဘူး

ဘယ်လောက်ပဲ အဝတ်အစားသစ်တွေ ဝတ်ဝတ် မွှေးမွှေးကြိုင်ကြိုင်လေးမှ မဟုတ်ရင် တစ်ခုခုတော့ လိုနေတယ် ခံစားရပါလိမ့်မယ်။ ဒါကြောင့် ရေမိုးချိုး အဝတ်အစားသစ်တွေ ဝတ်ပြီးရင် ရေမွှေးလေး ဆွတ်သွားဖို့ အကြံပြုချင်ပါတယ်။