အမျိုးသားရော အမျိုးသမီးတွေမှာပါ အဓိကကြုံတွေ့ရတာက ဝမ်းဗိုက်မှာ အဆီတွေစုနေတာပါပဲ။ အခုလို အဆီစုနေတာတွေကို အလွယ်တကူ လျှော့ချနိုင်ဖို့ အဆီကျဆေးသောက်တာကလည်း ဘေးဥပါဒ်မကင်းတော့ သဘာဝဖျော်ရည်ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

တချို့သူတွေက ကယ်လိုရီများတဲ့ အမြန်စားအစားတွေ၊ တခြားအစားစာတွေကိုကြိုက်တာကြောင့် အဝလွန်စေတာပါ။ အစားအလွန်စားတတ်တဲ့ အကျင့်ဆိုးတွေလည်းရှိပြန်ပါတယ်။ ဒီတော့ အစားစာချင်စိတ်ကို လျှော့ချဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့လည်းလိုအပ်ပါတယ်။

ဒါ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးမယ် သဘာဝဖျော်ရည်ကိုလည်း သောက်သုံးပေးသင့်ပါတယ်။ အခုဒီဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားမှာပါ။

ပါဝင်ပစ္စည်း

shutterstock_146471507

ရေ ၂ လီတာ

65f47aea0bd2c273dc6c4d23901c06eac5d672ec

တောက်တောက်စဉ်းထားတဲ့ (သို့) ခြစ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Cucumber and slices isolated over white background.

သခွာသီး ၁ လုံး

Can-Mint-Leaves-Help-Cure-Acne-Scars

ပူစီနံရွက် ၁၂ ရွက်

lemon-juice

သံပုယိုသီး ၁ လုံး

ပြင်ဆင်ခြင်း

1-77

ရေဆူဆူသည်ထားတဲ့ ခွက်ထဲကို ပူစီနံရွက်ထည့်ပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး အိုးပေါ်ကချပါ။ သံပုယိုသီးကိုယူပြီးအရည်ညစ်ပါ။ ပြီးရင် သံပုယိုသီးအခွံကို ခြစ်ထားပေးပါ။

0c1c28ae62e6034024573a3b8617edb3

တတိယအဆင့်ကတော့ သခွားသီးကို အခွနွှာပြီး ပါးပါးလှီးပေးပါ။ ပြီးရင် သံပုယိုရည်နဲ့ ပူစီနံပြုတ်ရည်ထည့်ပေးပါ။

အဲဒီနောက် ရေ ၂ လီတာကို ကရားတစ်လုံးထဲထည့်ပြီးအဲဒီထဲကို ပူစံနံပြုတ်ရည်၊ သံပုယိုရည် နဲ့ သခွားသီးစတာတွေကိုထည့်ပေးပါ။ အားလုံးကို သမအောင်မွှေပေးပြီး ဂျင်းနဲ့ ခုနကလှီးထုတ်ထားတဲ့ သံပုယိုသီးအခွံကိုထည့်ပေးပါ။

အသုံးပြုခြင်း

အဲဒီဖျော်ရည်ကို တစ်နေ့တည်းကုန်အောင်သောက်ပေးရမှာပါ။ နောက်တစ်နေ့သောက်ချင်ရင် နောက်တစ်နေ့မှ ထပ်လုပ်ပေးပါ။