သင်က ဝိတ်ကျဖို့၊ ခန္ဓာကိုယ် ကျစ်လစ်ဖို့ Gym မသွားဘဲ ကိုယ့်အိမ်မှာပဲ ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ ဝိတ်ကျချင်ပေမယ့် Gym သွားဖို့ အချိန် မပေးနိုင်သူတွေ၊ အဆင်မပြေသူတွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ Gym မသွားရတိုင်း လေ့ကျင့်ခန်း မလုပ်တာကတော့ သိပ်မဟုတ်သေးပါဘူး။ ကိုယ့်အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ် ကျစ်လစ်အောင် ကြိုးစားနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက နာရီဝက် ဝန်းကျင်ကြာနိုင်ပြီး အခုမှ စလုပ်မယ့် ပျိုမေတွေနဲ့လည်း သင့်တော်ပါတယ်။

၁။ Warm Up

တစ်နေရာတည်းမှာပဲ ဘယ်မှ မရွှေ့ဘဲ ပြေးတဲ့ ပုံစံ သွေးပူလုပ်ပေးရပါမယ်။ လေ့ကျင့်ခန်း မလုပ်ခင် ကြွက်သားတွေ၊ အရိုးအကြောတွေ အဆင်သင့်ဖြစ်ဖို့ သွေးပူလေ့ကျင့်ခန်းကို လုပ်ပေးဖို့ လိုပါတယ်။ သင်က ဒါကို ငါးမိနစ် မလုပ်နိုင်ရင် သုံးမိနစ် လုပ်နိုင်ပါတယ်။

၂။ အစားထိုး

သင်က အပေါ်က ပြေးတာကို မလုပ်ချင်ရင် ကြိုးခုန်နိုင်ပါတယ်။ လေ့ကျင့်ခန်း နှစ်ခုလုံးက သင့်နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးပူစေမယ့် လေ့ကျင့်ခန်းတွေပါပဲ။

၃။ ဒိုက်ထိုးပါ

၁၀ ခါ ဒိုက်ထိုးပေးရပါမယ်။ သင်က ခန္ဓာကိုယ် တစ်တန်းတည်းထားပြီး ဒိုက်ထိုးတာကို မလုပ်နိုင်ရင် ဒူးထောက်ပြီး ဒိုက်ထိုးနိုင်ပါတယ်။ ဒီလို ၁၀ ခါ ဒိုက်ထိုးတာကို ၃ ခါကနေ ၅ ခါ တစ်ကြော့ပြန် ပြန်လုပ်ရပါမယ်။ ကြားထဲ ၁ မိနစ် နားနိုင်ပါတယ်။

၄။ Chair Dips

ဒါအတွက် ထိုင်ခုံတစ်လုံးကို လိုအပ်ပြီး Chair Dips က သင့်လက်မောင်းကြွက်သားကို ကျစ်လစ်လာစေပါလိမ့်မယ်။ ၁၀ ခါ Chair Dips လုပ်ရပါမယ်။

၅။ ထိုင်ထ

သင့်ဖနောင့်ကို အားပြုပြီး ထိုင်ထ လုပ်ရပါမယ်။ ၁၀ ခါ လုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းက သင့်အောက်ပိုင်း ကြွက်သားတွေအတွက် အကျိုးပြုပါလိမ့်မယ်။

၆။ Bicycle

သင့် ဗိုက်ကြွက်သားတွေ အားကောင်းလာပြီး ကျစ်လစ်လာဖို့ Bicyle လေ့ကျင့်ခန်းကို လုပ်နိုင်ပါတယ်။ စက္ကန့် ၂၀ လုပ်ပေးရပါမယ်။

၇။ Plank ထောက်ပါ

Plank ထောက်တာက တစ်ကိုယ်လုံးစာ အဆီကျစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ကျောရိုးမကြီး အရင်ထက် ပိုသန်မာလာပါလိမ့်မယ်။ ၁၅ စက္ကန့် Plank ထောက်ရပါမယ်။

၈။ Superman

သင့်တစ်ကိုယ်လုံးကို Yoga ဖျာပေါ်မှာ ဝမ်းလျားမှောက်ထားရပါမယ်။ သင့်လက်နဲ့ ခြေထောက်ကို မြေပြင်နဲ့ မထိအောင် တစ်တန်းတည်း မြှင့်ပေးရပါမယ်။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်နေရပါမယ်။ ဒါကို ငါးခါ ပြန်လုပ်ရပါမယ်။

၉။ Towel Biceps Curls

ဒီလေ့ကျင့်ခန်းက သင့်လက်မောင်း ကြွက်သားကို ခွန်အားပိုကောင်းစေပါလိမ့်မယ်။ ပဝါကို သင့်ပေါင်မှာ ချီကာ သင့်လက်ကို အားပြုပြီး အပေါ် ပင့်တင်ရမှာပါ။ ဒါကို ဘယ်ညာ ၁၀ ခါ လုပ်ရပါမယ်။

Video Source: YouTube

Source: Allwomenstalk

by MyStyle Myanmar