အားလုံးပဲ မင်္ဂလာပါ၊ ဒီတစ်ခေါက်မှာတော့ အပျင်းလည်းပြေအောင် သင့်ရဲ့ အချစ်အပေါ် ထားရှိတဲ့ ခံယူချက်ကိုလည်း သိရအောင် ဒီဂိမ်းလေးကို ဆော့ကြည့်ရအောင်။

စုစုပေါင်း ပုံ (၈) ပုံ ပါမှာဖြစ်ပြီး ပုံ တစ်ပုံချင်းစီကို ဖြတ်ခနဲကြည့်လိုက်ပါ။ အဲ့ဒီပုံ တစ်ပုံချင်းစီကနေ ဘယ်ပုံသဏ္ဍာန်တွေကို အရင်မြင်ရလဲဆိုတာကို စိတ်ထားမှာ မှတ်ထားပြီး ရလာတဲ့ အဖြေက သင့်ရဲ့ အချစ်ရေးအကြောင်းကို ဖော်ပြပေးပါလိမ့်မယ်။

ပုံ (၁)

ဒီပုံလေးထဲမှာ ဘယ်တိရိစ္ဆာန်ကို အရင်ဆုံးမြင်ပါသလဲ။ ကြောင်ကို အရင်မြင်တယ်ဆိုရင်တော့ သင်က လက်ရှိအချိန်မှာ သင့်ဘဝလက်တွဲဖော်ကို ရှာတွေ့သွားပါပြီ။ ကြွက်တစ်ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ သင့်ရဲ့ အချစ်ရေးက ရိုလာကိုစတာစီးနေရသလို စိတ်လှုပ်ရှားစရာ အနိမ့်အမြင့်အတက်အကျများလှပါတယ်။ သင့်အချစ်ရေးမှာ ညီမျှမှုတစ်ခုကို ရှာဖွေဖို့လိုအပ်ပါတယ်။

ပုံ (၂)

ကနေတဲ့ စုံတွဲတစ်တွဲနဲ့ သစ်ပင်ကို အရင်မြင်တယ်ဆိုရင်တော့ သင်က ဘယ်လိုအခြေအနေမျိုးမှာမဆို အကောင်းမြင်စိတ်နဲ့ အကောင်းဘက်က ရှုမြင်တတ်တဲ့စိတ်ထားရှိပါတယ်။ နှုတ်ခမ်းမွှေးပေါက်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကို အရင်မြင်ရတယ်ဆိုရင်တော့ ဖိအားပေးပြီး လုပ်နေရတဲ့ အရာတွေကို မနှစ်သက်ဘဲ သူ့အချိန်နဲ့သူ လုပ်ဆောင်ရတာကို နှစ်သက်သူတစ်ယောက်ပါ။

ပုံ (၃)

အဖြူရောင် မျက်နှာလား၊ အမဲရောင်မျက်နှာလား။ အဖြူရောင်မျက်နှာကို အရင်ဆုံး မြင်တယ်ဆိုရင်တော့ သင်က အပေးအယူမျှတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အမဲရောင်မျက်နှာကို မြင်တယ်ဆိုရင်တော့ သင်ဖြစ်စေချင်တဲ့ပုံစံအတိုင်းမဖြစ်လာဘူးဆိုရင် တရားမျှတမှုကို လိုချင်တဲ့သူတစ်ယောက်ပါ။

ပုံ (၄)

ကြောင်ရဲ့ ဦးခေါင်းကို အရင်မြင်တယ်ဆိုရင်တော့ မိမိကိုယ်ကိုဖိအားပေးနေတာကို ရပ်လိုက်ပါတော့။ အချစ်စစ် အချစ်မှန်က တစ်ချိန်ချိန်မှာ သင့်ဆီကို ရောက်လာမှာပါ။ ခွေးတစ်ကောင်ရဲ့ ဦးခေါင်းကို မြင်တယ်ဆိုရင်တော့ မိမိအတွက် သင့်တော်မယ့်သူတစ်ယောက်ကို စောင့်နေပြီး လောလော လောလောနဲ့ လုပ်ဆောင်ရတဲ့ အရာတွေကို မုန်းတဲ့သူတစ်ယောက်ပါ။

ပုံ (၅)

ဝေလငါးတစ်ကောင်းကို အရင်မြင်တယ်ဆိုရင်တော့ သင့်ရဲ့ဘဝတစ်ခုလုံးကို ကံကြမ္မာဆီ ပုံအပ်ထားသူတစ်ယောက်ပါ။ ရေလွှာလျှောစီးနေတဲ့သူတစ်ယောက်ကို အရင်မြင်တယ်ဆိုရင်တော့ သင့်ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိသူတစ်ယောက်ပါပဲ။

ပုံ (၆)

ခွေးတစ်ကောင်ရဲ့ မျက်နှာလား၊ ခွေးတစ်ကောင်ရဲ့ ခြေထောက်လား။ ခွေးတစ်ကောင်ရဲ့ မျက်နှာကို အရင်မြင်တယ်ဆိုရင်တော့ သင်က သင့်ခံစားချက်တွေကို ထိန်းချုပ်နိုင်သူပါ။ ခွေးတစ်ကောင်ရဲ့ ခြေထောက်ကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ မိမိကိုတစ်စုံတစ်ယောက်က တွန်းအားပေးတာကို မကြိုက်ဘဲ၊ အရာရာတိုင်းက သူ့အချိန်နဲ့သူ ဖြစ်လာမယ်ဆိုတာကို ယုံကြည်သူတစ်ယောက်ပါ။

ပုံ (၇)

ရှဉ့်နှစ်ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ အရာရာပြီးပြည့်စုံတဲ့ လူဆိုတာ မရှိတဲ့အတွက်ကြောင့် သင့်ချစ်သူရဲ့ အားနည်းချက်တွေကို လက်ခံပေးနိုင်သူတစ်ယောက်ပါ။ အရှိကို အရှိတိုင်းလက်ခံပေးပြီး ချစ်တဲ့သူတစ်ယောက်ပေါ့။ မျက်နှာကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ သင်လိုချင်တဲ့သူ၊ သူ့ဆီမှာ ရှိရမယ့်အရည်အချင်းတွေကို ရှင်းရှင်းလင်းလင်းသိတဲ့ သူတစ်ယောက်ပေါ့။

ပုံ (၈)

ငှက်တစ်ကောင်လား၊ ခွေးတစ်ကောင်လား။ ငှက်တစ်ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ ဒီကမ္ဘာမှာ တစ်ယောက်တည်း နေခြင်းက အကောင်းဆုံးဖြစ်တယ်လို့ မှတ်ယူသူတစ်ယောက်ပါ။ ပြဿနာ အရှုပ်အရှင်းတွေ ကင်းဝေးလို့ပါပဲ။ ခွေးတစ်ကောင်ကို မြင်တယ်ဆိုရင်တာ့ သင့်ပျော်ရွှင်ခြင်းရဲ့ လျှို့ ဝှက်ချက်က အခြားသူတွေဆီက ဘာကိုမှ မမျှော်လင့်ထားခြင်းပါပဲ။

Source: Brightside.me