အိပ်ရေးမဝတာတွေများလာတဲ့အခါမှာ မျက်ကွင်းညိုတတ်တာကို အားလုံးပဲသိထားပြီးသားဖြစ်မှာပါ။ ကျောင်းစာတွေကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် အိပ်ရေးကောင်းကောင်းမဝနေတဲ့အခါမှာ မျက်ကွင်းတွေညိုလာတတ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ ကြိုးစားဖို့အတွက်ကတော့ လုပ်စရာရှိတာကိုလုပ်ရမှာပဲလေ။ မျက်ကွင်းညိုတာတွေကို သက်သာအောင်ပြန်လည်ကုသပေးဖို့ပဲ လိုတော့တာပေါ့။ လျှင်မြန်တဲ့နည်းလမ်းတွေနဲ့ မျက်ကွင်းညိုတာတွေကို သက်သာချင်တယ်ဆိုရင်တော့…

အအေးခံထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်လုံးပေါ်မှာကပ်ပေးပြီး ခဏလောက်မျက်လုံးကို အနားပေးလိုက်မယ်ဆိုရင်လည်း သက်သာစေမှာပါ။ ဒီနည်းလမ်းလေးက ဘာမှမလိုအပ်ဘဲ ဇွန်းလေးနဲ့ပဲပြုပြင်သွားတာဆိုတော့ ကုန်ကျစရိတ်လည်း နည်းပြီးအလုပ်ရှုပ်လည်း သက်သာစေတာပေါ့။

ဂွမ်းစလေးကို ဆားထည့်ထားတဲ့ ရေနွေးနွေးလေးထဲမှာစိမ်ထားပေးပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးမယ်ဆိုရင်လည်း ပင်ပန်းမှုတွေကြောင့်ဖြစ်တတ်တဲ့ မျက်ကွင်းညိုတာတွေကို လျော့နည်းသက်သာစေမှာပါ။

စတော်ဘယ်ရီသီးတစ်လုံးကို ရေခဲသေတ္တာထဲမှာထည့်ထားပြီး အေးသွားတဲ့အခါမှာ နှစ်ခြမ်းခြမ်းပေးလိုက်ပါ။ ပြီးရင်တော့ မျက်လုံးလေးတွေပေါ်မှာတင်ပေးပြီး အနားယူနေလိုက်ပါ။ စတော်ဘယ်ရီသီးမှာပါဝင်နေတဲ့ Alpha Hudroxy Acid က အသားအရေကို ချောမွေ့စေဖို့နဲ့ ညိုမဲနေတဲ့အသားအရေကိုလည်း ပြန်လည်ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest