Makeup လိမ်းရင် မျက်လုံးကိုလည်း ခြယ်ပြီး ပြင်ကြမှာပါ။ မျက်နှာကိုတော့ makeup ဖျက်လို့လွယ်ပေမယ့် မျက်လုံးကျတော့ သေချာစိတ်ရှည်ရှည်နဲ့ဖျက်ပေးမှ ပြောင်မှာပါ။ Eye makeup တွေ၊ mascara တွေ၊ eyeshadow တွေ၊ eyeliner တွေမပြောင်ရင် မျက်လုံးမှာ အရေးအကြောင်းဖြစ်လာတာမျိုး၊ မျက်တောင်တွေကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် eye makeup တွေကို စနစ်တကျနဲ့ သေချာပြောင်အောင်ဖျက်နည်းကို မျှဝေပေးလိုက်ပါတယ်။

Gentle makeup remover

Eye makeup ဖျက်တဲ့အခါမှာ နူးညံ့တဲ့ gentle makeup remover နဲ့ ဖျက်ပေးပါ။ eye makeup remover သုံးပေးလည်း ရပါတယ်။ မျက်လုံးကို အတင်းပွတ်ပြီးဖျက်တာမျိုး မလုပ်ပါနဲ့။

Cotton pads နဲ့ဖျက်ပါ

Cotton pads ကိုသုံးပြီး မျက်လုံးက eye makeup တွေကို ဖျက်ပေးပါ။ ပွတ်ပြီးဖျက်တာမျိုးမလုပ်ပဲ cotton pad နဲ့ ခဏဖိထားလိုက်ပါ။ ပြီးတော့မှ ဖြေးဖြေးချင်းစီပွတ်ပြီး ဖျက်ပေးပါ။ eyeliner နဲ့ mascara တွေက ပျက်ဖို့မလွယ်လို့ သေချာဖျက်ပေးဖို့လိုပါတယ်။ မျက်လုံးနဲ့အနီးစပ်ဆုံးဖြစ်လို့ cotton pad မသုံးပဲ ဂွမ်းတံလေးနဲ့ ပြောင်းသုံးလို့လည်း ရပါတယ်။

Mascara တွေဖျက်ဖို့ခက်နေရင်

Mascara တွေက မျက်တောင်မှာ ခဲပြီးကပ်နေတာမျိုး၊ ဖျက်ရခက်နေတာမျိုး၊ waterproof ဖြစ်နေတာမျိုးဆိုရင် ပုံမှာပြထားတဲ့အတိုင်းလေး ဖျက်ပေးရင် အဆင်ပြေပါတယ်။ ဖျက်ရခက်နေတာကို အတင်းပွတ်ပြီးဖျက်တာမျိုး၊ သေချာပြောင်အောင် မဖျက်ပဲထားတာမျိုးဆိုရင် ကြာလာတဲ့အခါမှာ မျက်တောင်ကျွတ်တာ၊ မျက်ခမ်းစပ်တွေယားတာမျိုး ဖြစ်တတ်ပါတယ်။

Vaseline Petroleum Jelly

မျက်လုံးက eye makeup တွေ ဖျက်ဖို့ခက်နေရင်ပဲဖြစ်ဖြစ်၊ eye makeup remover မရှိရင်ပဲဖြစ်ဖြစ် Vaseline Petroleum Jelly ကိုသုံးပြီး ဖျက်ပေးလို့ရပါတယ်။ Vaseline Petroleum Jelly ကို လက်နဲ့ယူပြီး လက်နဲ့ပဲ ဖြေးဖြေးချင်းစီပွတ်ပြီးဖျက်ပေးရင် eye makeup အကုန်ပျော်သွားပါလိမ့်မယ်။ အဲ့အခါကျမှ cotton pad နဲ့ ပွတ်လိုက်ပါ။ ဒါဆိုရင်တော့ eye makeup တွေ ပြောင်သွားပါလိမ့်မယ်။

Cleanser နဲ့မျက်နှာသစ်ပါ

Makeup တွေအားလုံးဖျက်လို့ပြီးရင် နောက်ဆုံးမှာတော့ မျက်နှာသစ်ဆေး cleanser နဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ မျက်လုံးနားတစ်ဝိုက်ကို သေချာဂရုစိုက်ပြီး သစ်ပေးပါ။ အတင်းတွေပွတ်ပြီး၊ လက်သည်းနဲ့ကုတ်ပြီး မျက်နှာသစ်တာမျိုး မလုပ်ပါနဲ့။ အသားအရေထိခိုက်ပျက်စီးစေပါတယ်။