Mood မကောင်းရင် တစ်နေကုန် ဘာလုပ်လုပ် စိတ်မကြည်သလို နေရထိုင်ရတာလည်း အဆင်ပြေပါဘူး။ ဒါကြောင့် လူတစ်ယောက်အတွက် တစ်နေ့တာမှာ Mood ကောင်းပြီး စိတ်ကြည်လင် လန်းဆန်းနေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒီယောဂကျင့်စဉ်တွေကတော့ သင့်ကို Mood ပိုကောင်းလာအောင် ကူညီပေးမယ့် အလွယ်ကူဆုံးသော ယောဂကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။

Head to Knee Pose

အရင်ဆုံး Head to Knee Pose နဲ့ အကြောဆန့်ခြင်းကို စလုပ်ပါမယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာပါ။ ပုံထဲကလို အနေအထားလုပ်နေစဉ်မှာ စက္ကန့် ၃၀ နေပေးပါ။ ပြီးမှ ပုံမှန်အတိုင်းပြန်နေပြီး ထပ်လုပ်ပါ။

Corpse Pose

နောက်တစ်ဆင့်မှာတော့ စိတ်တည်ငြိမ်ပြီး Mood ပိုကောင်းလာအောင် Corpse Pose ကို လုပ်ပါမယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး ၂ မိနစ်၊ ၃ မိနစ်လောက်နေကာ အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။

Cat-Cow Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးကို ပြောင်းပြီးတော့ လုပ်သွားပေးပါ။ ၁ မိနစ်၊ ၂ မိနစ်လောက် လုပ်နေပေးရင် ရပါတယ်။

Tree Pose

Tree Pose အနေအထားနဲ့ အနည်းဆုံး စက္ကန့် ၃၀ မှ ၁ မိနစ်အထိ နေပေးပါ။ ဒါလည်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာပါပဲ။ ဒီလိုလုပ်နေစဉ်မှာ မျက်စိတ်မှိတ်ပြီး အသက်ကို ဖြေးဖြေးချင်းစီရှိုက်ရှူလိုက် ရှူထုတ်လိုက် လုပ်နေပေးပါ။

Happy Baby Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး ၁ မိနစ်နေပေးပါ။ ဒီလိုလုပ်နေစဉ်မှာလည်း အသက်ရှူသွင်းရှူထုတ်ကို ပုံမှန်လုပ်နေပေးရပါမယ်။ ဝ

Camel Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၅ စက္ကန့်မှ စက္ကန့် ၃၀ အထိ နေပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ၅ ခါလောက် လုပ်ပေးပါ။

Legs Up the Wall

နောက်ဆုံးမှာတော့ နံရံမှာ ခြေထောက်နှစ်ဖက်ကို ကပ်ပြီးမြှောက်ထားတဲ့ အနေအထားနဲ့ မျက်စိမှိတ်ကာ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်နေပေးရပါမယ်။ ၅ မိနစ်လောက်လုပ်ပေးရင်ရပါပြီ။