ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်မပေးတတ်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် အလွယ်ကူဆုံးသော ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ လုံးဝပို့စ်မပေးတတ်ဘူးဆိုရင်တောင်မှ ဒီပို့စ်လေးတွေလုပ်ရတာတော့ အဆင်ပြေမှာပါ။

ကိုယ်ဝတ်ထားတဲ့ဘောင်းဘီ (သို့) စကပ်မှာ လက်အိတ်ပါတယ်ဆိုရင် လက်အိတ်ထဲ လက်ထည့်ပြီး ဒီလိုလေးသာ ရပ်ပြီးပို့စ်ပေးလိုက်ပါ။ အရမ်းလွယ်ပါတယ်။

လမ်းလျှောက်နေတဲ့ပုံလေးရိုက်ဖို့အတွက် ချစ်ဖို့ကောင်းအောင် ခြေထောက်တစ်ဖက်ကို ရှေ့လှမ်းနေတဲ့ပုံလေးအပြင် လက်ကိုလည်း ပုံထဲကအတိုင်းလေး လုပ်ကြည့်ပါ။ ပိုချစ်ဖို့ကောင်းပါတယ်။

ကျောပိုးအိတ်လေး လွယ်ထားတယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်း ပို့စ်ပေးလို့ရပါတယ်။

အနောက်မှာ အမှီလေးရှိတယ်ဆိုရင် ဒီပုံလေးအတိုင်းသာ ပို့စ်ပေးကြည့်ပါ။ အဓိကက ခြေထောက်ထားတဲ့ပုံစံလေးပါပဲ။

ဒီပို့စ်လေးဆိုရင်လည်း အရမ်းလွယ်ပါတယ်။ လွယ်ကူသလောက် အထာကျကျလေးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံလေး ရလာစေပါတယ်။

ချစ်ဖို့ကောင်းတဲ့ဖက်ရှင်လေးတွေ ဝတ်ထားပြီဆိုရင် လက်နှစ်ဖက်နောက်ပစ်ပြီး ကင်မရာကိုကြည့်ကာ ပြုံးနေတဲ့ပုံလေး ရိုက်လိုက်ရုံပဲနော်။

ဘေးတစ်စောင်းပုံကို ဒီလိုလေးလည်း လှအောင်ပို့စ်ပေးပြီး ရိုက်လို့ရပါသေးတယ်။

လက်ထဲမှာ ဦးထုပ်၊ အိတ် တစ်ခုခုရှိရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေ ဝတ်ထားတဲ့အခါ ဒီပို့စ်လေးအတိုင်းလည်း ပို့စ်ပေးကြည့်ပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်မှာပါ။

ဒေါက်ဖိနစ်လေးစီးပြီး လှလှပပလေးဝတ်ထားတဲ့အခါမှာတော့ ဒီပို့စ်လေးအတိုင်း ပို့စ်ပေးကြည့်ပါ။ အရမ်းလွယ်ကူတဲ့ပို့စ်ပါပဲ။

ဘေးတစ်စောင်းပုံလေးရိုက်တဲ့အခါ အသုံးဝင်မယ့် နောက်ထပ် အလွယ်ကူဆုံး ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။

အနောက်မှာ လက်တင်စရာတစ်ခုခုရှိတယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်း ပို့စ်ပေးကြည့်လိုက်နော်။

Photo source:www.pinterest.com