ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်လုံးဝမပေးတတ်ဘူးဆိုတဲ့ ကောင်မလေးတွေအတွက် အလွယ်ကူဆုံးသော ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ခြေထောက်ချိတ်ထိုင်ပြီး ဒူးပေါ်ကို လက်ထောက်ကာ မေးထောက်နေတဲ့ ဒီပို့စ်လေးက အရမ်းလွယ်ကူပါတယ်။ လွယ်ကူသလောက် လှလည်းလှတဲ့ ပုံကောင်းလေးကို ရရှိစေပါတယ်။ ကော်ဖီဆိုင်ထိုင်တဲ့အခါ ရိုက်လို့ရတဲ့ ပို့စ်အိုင်ဒီယာလေးပါ။

လက်နှစ်ဖက်နဲ့မေးထောက်နေတဲ့ ဒီပို့စ်လေးဆိုရင် ချစ်ဖို့ကောင်းပြီး လုပ်ရတာလည်း အလွယ်ကူဆုံးပို့စ် ဖြစ်မှာပါ။

မေးထောက်တဲ့ပို့စ်တွေများနေလို့ဆိုရင် ဆိုင်ထိုင်တဲ့အခါ မုန့်ကိုကိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်နော်။ လွယ်ကူတဲ့ ပို့စ်လေးပါပဲ။

စာအုပ်ရှေ့ချပြီး စာအုပ်ကြည့်နေတဲ့ပုံလေး ပို့စ်ပေးလို့ရသလို နောက်ထပ် ဒီလိုလေးလည်း ပို့စ်ပေးလို့ရသေးတယ်နော်။ လှပပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဖုန်းကိုင်ထားပြီး ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ လုပ်ရတာလွယ်ကူတဲ့ပို့စ်ဖြစ်ပြီး လှလည်းလှပါတယ်။

မေးထောက်ပြီး ကင်မရာကိုမကြည့်ပဲ တစ်ဖက်ကိုကြည့်နေတဲ့ ဒီလိုပုံလေးလည်း ရိုက်ကြည့်ပါ။ လက်ဖမိုးနဲ့ မေးထောက်တဲ့ပုံလေး လုပ်ကြည့်နော်။

ဆံပင်ကိုတစ်ဖက်ကိုချထားပြီး ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဒီပို့စ်လေးဆိုရင် ဘာမှတောင် ထွေထွေထူးထူးလုပ်နေစရာမလိုတဲ့ ပို့စ်လေးပါ။ ပြုံးလိုက်ရင်ကို အဆင်ပြေနေပါပြီ။

လှလှပပလေး ပြင်ဆင်ပြီးဝတ်စားထားတဲ့အခါ ဒီလိုပို့စ်လေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူတဲ့ပို့စ်လေးပါ။

ထိုင်တဲ့ပုံနဲ့ လက်အနေအထားကို ပုံထဲကအတိုင်းထားပြီး မျက်နှာထားကို တည်တည်နေပြီး ပို့စ်ပေးကြည့်ပါ။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ပုံကောင်းလေးထွက်လာမှာ သေချာပါတယ်။

Photo source:www.pinterest.com