လှပပြီးဆွဲဆောင်မှုရှိတဲ့ မိတ်ကပ်လိမ်းဖို့အတွက် မိတ်ကပ်ပြင်ဆရာ တစ်ယောက် အမြဲတမ်းမလိုပါဘူး။ သင့်ကို အမြဲလှပနေစေဖို့ တကိုယ်ရည်စာ မိတ်ကပ်လိမ်းနည်းကို မျှဝေပေးမယ်နော်။ မိတ်ကပ်မလိမ်းတတ်တဲ့ ပျိုမေတို့လည်း အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

Concealer ကိုအရောင်မတူတာရွေးပါ

ဖောင်ဒေးရှင်းလိမ်းပြီးရင် Concealer လိမ်းရပါတယ်။ Concealer က ပါးရိုးဖော်တာ နှာတံဖော်တာတွေအတွက် အသုံးပြုတာဖြစ်ပြီး သင့်ရဲ့ မျက်နှာပုံအချိုးအစားကို ပိုပြီး သေသပ်ပေါ်လွင်စေပါတယ်။ မျက်ရစ် မျက်လုံးတွေကိုလည်း ချယ်ပါ။

နှာတံဖော်မယ်

နှာတံ လှလှလေး ဖော်ဖို့အတွက် ခွဲစိတ်စရာမလိုပါဘူးနော်။ Concealer အမည်းကို နှာရိုးဘေးနှားမှာ စွဲချလိုက်ပါ။ ပြီးရင် Brush နဲ့ ပြန်ဖွပေးပါ။

မျက်ခုံးမွှေးဆွဲမယ်

မျက်ခုံးမွှေးဆွဲမယ်ဆိုရင် မျက်ခုံးမွှေးအရင် ရိတ်ထားဖို့လိုပါတယ်။ ဒါမှ ပုံစံတကျစွဲရာမှာ အကူအညီဖြစ်မှာပါ။ မျက်ခုံးမွှေး ရိတ်ရမှာ မနှမျောပါနဲ့နော်။ ပြီးရင် ကြိုက်သွားပါလိမ့်မယ်။ အရင်ဆုံး အောက်တစ်ကြောင်းကိုဆွဲပါ။ ပြီးရင်အပေါ်တစ်ကြောင်းဆွဲပါ။ အထဲက မျက်ခုံးမွှေးတွေကိုလိုက်ဆိုးပါ။ ပြီးရင် Brush နဲ့ ဖွဖွခြစ်ပေးပါ။

မျက်လုံးချယ်မယ်

မျက်လုံးကို အရောင်ဝင့်ဝင့်လေး ချယ်လို့ရပါတယ်။ အဖြူရောင်ကို များများသုံးပြီးချယ်ပေးပါ။ အဖြူရောင်ကို မျက်ခုံးမွှေးအောက်နား မျက်ခုံးနဲ့ နားခေါင်းဒေါင့်နား၊ မျက်ခမ်းဒေါင့်နားမှာ လိမ်းပေးပါ။ ပြီးရင် မျက်တော်ငကော့လိုက်ပါ။

Eye Liner ဆွဲပါ။

Liner ဆွဲမယ်ဆိုရင် အရင်ဆုံး ဒေါင့်တစ်ကြောင်းဆွဲပါ။ အပေါ်ကနေ ထပ်ဆွဲပါ။ ပြီးရင် အရှေ့ဖက်ကို ဆွဲသွားပါ။ Liner လိုက်ဖြည့်လိုက်ပါ။

နှုတ်ခမ်းဖူးဖူးပြည့်ပြည့်လေးဆိုးမယ်

နှုတ်ခမ်းကို အဆီအရင်ဆိုးပြီး အလည်မှာ အဖြူရောင်စိုးပါပြီးရင် ဘေးမှာ ပန်းရောင်ထည့်ပါ။ အဲဒီနောက် လက်နဲ့ ပွတ်လိုက်ပါ။ နှုတ်ခမ်းပြည့်ပြည့်လေးဖြစ်စေမှာပါ။

နှုတ်ခမ်းနီကို ခြောက်ခြောက်ဆိုးမယ့်အစား စိုစိုလေးဆိုးပေးပါ။

မျက်တောင်မွှေးကို သန့်ရှင်းရေးလုပ်ပေးပါ။

Mascara ဆိုးပြီးရင် မျက်တောင်မွှေးကို သေချာသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။