အစားအစာဟာ လူရဲ့ ကျန်းမာရေးကို ပြုပြင်ပေးပါတယ်။ မှန်ကန်တဲ့ အစာအာဟာရဟာ နှလုံးကျန်းမာရေးကောင်းပြီး ဖျတ်လတ်ပေါ့ပါးစေသလို စိတ်ဓါတ်ကျခြင်းလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေလည်း အဖြစ်နည်းစေပါတယ်။

မကြာသေးခင်က မစ်ဆိုရီမှာ ရှိတဲ့ စိန့်လူးဝစ်တက္ကသိုလ် SLU မှ သုတေသီတွေဟာ အမျိုးသား/အမျိုးသမီးအဖွဲ့တစ်ဖွဲ့ကို တင်းကြပ်တဲ့ Diet စားသောက်စေပြီး ပြေးစက်ပေါ် ၅ ကီလိုမီတာနှုန်းနဲ့ ၄ ရက်ကြာ ပြေးခိုင်းခဲ့ပါတယ်။

ဒီလို အပြေးလေ့ကျင့်ခန်းလုပ်ခိုင်းသူတွေကို ငါး ၊ အသီးအရွက် ၊ ကောက်ပဲသီးနှံနဲ့ ကျန်းမာရေးနဲ့ ညီတဲ့ ဆယ်လ်မွန်ငါး ၊ ထောပတ်စတဲ့ အဆီတွေပဲ စားခိုင်းတာပါ။

Photo: Shutterstock

အစားအသောက် Diet အနေနဲ့ သံလွင်ဆီ စားပွဲတင်လေးဇွန်း ၊ အစေ့အဆံနဲ့ အသီးအနှံ နဲ့ အသီးအရွက် တို့ပဲ ကျွေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါး ၊ ပဲအမျိုးမျိုး ၊ ဝိုင်နီ တို့လည်း စားခိုင်းပြီး အသား ၊ ဆိုဒါနဲ့ အချိုစားမှု လျှော့စေခဲ့တာပါ။ ဒီအတိုင်း စားစေပြီးနောက် ၉ ရက်ကနေ ၁၆ ရက်ကြာပြီးနောက် ထပ်မံစမ်းသပ်ခဲ့ပါတယ်။

ဒုတိယအကြိမ် စမ်းသပ်မှုမှာလည်း အလားတူ Diet ပဲ စားပြီး စမ်းသပ်တာ ဖြစ်ပေမယ့် ပြုပြင်ထားတဲ့ သကြား ၊ ဆားနဲ့ အဆီတွေ ပိုစားစေပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ပထမတစ်ကြိမ် ၄ ရက်ကြာ သတ်မှတ်ထားတဲ့ Diet အတိုင်းစားစေခဲ့သူတွေကို ပြေးခိုင်းရာမှာ ဒုတိယအကြိမ် ၄ ရက် စမ်းသပ်မှု ၆%ပိုမြန်တယ်လို့ ဆိုပါတယ်။

နှစ်ကြိမ်စလုံး စမ်းသပ်ရာမှာ နှလုံးခုန်နှုန်းဟာ အတူတူပဲ ဖြစ်တယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။ လေ့လာချက်အရ ဒီ Diet ကို လိုက်နာစားသုံးခြင်းဟာ သက်လုံနဲ့ ဖျတ်လတ်ကြံ့ခိုင်မှုကို ပိုကောင်းစေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Shutterstock

“Mediterranean diet စားသူဟာ ရက်ပိုင်းလေးအတွင်းမှာကို ချက်ချင်း ကိုယ်လက်လေ့ကျင့်ခန်းစွမ်းဆောင်မှု ပိုကောင်းလာပါတယ်။ ဒါကြောင့် ဒီအာဟာရတွေ ပါတဲ့ Whole Dietary Pattern ကို လိုက်နာသူဟာ စွမ်းဆောင်ရည်ပိုကောင်းလာဖို့ မြင်စေတယ်ဆိုတာ အဓိပ္ပါယ်ပို ရှိပါတယ်။ ”လို့ လေ့လာမှု အကြီးအကဲ အာဟာရနဲ့ အစားအသောက်ပညာရှင် ဒေါက်တာအက်ဒွပ်ဝစ္စက ပြောပါတယ်။ တစ်ခုရှိတာက ဒီ Diet ရဲ့ အကျိုးကျေးဇူးဟာ အစားအသောက် ပြောင်းလိုက်တာနဲ့ မြန်မြန်ဆန်ဆန်ပဲ ပျောက်ဆုံးသွားနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုမှာပဲ အားကစားသမားတွေမှာ Diet ပြောင်းတာဟာ သိသာတဲ့ ရလဒ်ပြတယ်လို့လည်း ပြောထားပါတယ်။