အဝတ်စားတွေဟာ ကျွန်မတို့ကို ဖက်ရှင်ကျလှပစေသလို ယုံကြည်မှု လုံခြုံမှုလည်း အပြည့်ရှိစေပါတယ်။ ဒါပေမယ့် အရမ်းကျပ်တဲ့ အဝတ်အစားဝတ်ပေးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေပါတယ်။

အများအားဖြင့်တော့ အမျိုးသမီးတွေပဲ အဖြစ်များတယ်လို့ တွေးကြပေမယ့် ဒီကနေ့ခေတ်မှာတော့ အမျိုးသားတွေလည်း ဘောင်းဘီကျပ်ကျပ် အင်္ကျီ ကျပ်ကျပ်တွေ ဝတ်လာကြပါတယ်။ အခုလို ဝတ်ပေးတာဟာ ကျန်းမာရေးအတွက်ဘယ်လိုဆိုးကျိုးတွေရှိနေလဲဆိုတော့

၁။ ကူးစက်ရောဂါ

အများအားဖြင့်တော့ အမျိုးသား အမျိုးသမီး အင်္ဂါတွေမှာ ကူးစက်ရောဂါဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့်တော့ ဂျင်းဘောင်းဘီကျပ်ကျပ် နဲ့ အတွင်းခံကျပ်ကျပ်တွေက အသားအရေကို တင်းရစ်နေစေပြီး ဘက်တီးရီးယားတွေ ပိုမို ရှင်သန်ကြီးထွားစေသလို အစိုဓါတ်မြင့်မားစေပါတယ်။

၂။ သွေးလည်ပတ်မှုကို နှောင့်နှေးစေတယ်

Source: New Health Advisor

သွေးလည်ပတ်မှုကို အတားအဆီးဖြစ်စေပြီး သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။ ခါးနား ဗိုက်နားမှာဆိုရင်လည်း အရမ်းတင်းကျပ်နေပြီး နီလာတာ ရောင်လာတာမျိုးဖြစ်စေပါတယ်။ ဒါ့အပြင် ဘရာဝတ်ထားတဲ့နားမှာလည်း တင်းတင်းကြီးဖြစ်နေပြီး အရာကြီးတွေဖြစ်လာစေသလို အမာရွတ်ဖြစ်လာစေပါတယ်။

၃။ သွေးပြန်ကြောအတွက်မကောင်းမွန်ခြင်း

ဘောင်းဘီ ကျပ်ကျပ် အိကျိ ၤ ကျပ်ကျပ်ကို ရေရှည်ဝတ်ပေးရင် သွေးပြန်ကြော သွေးလျှောက်မှုကို အတားအဆီးဖြစ်စေပါတယ်။ နှလုံးကို သွေးရောက်အောင်မပို့နိုင်တာမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့်အခုပုံမှာပြထားသလို သွေးကြောလေးတွေပေါ်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။

၄။ ကိုယ်ဟန်အနေအထား

အမျိုးသမီးတွေအများအားဖြင့် သူတို့ရှိရင်း ခန္ဓာကိုယ်အရွယ်အစားထက် ပိုပြီး သေးတဲ့ (သို့) အတိဖြစ်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ကြပါတယ်။ အခုလို ဝတ်ဆင်တာဟာ သင့်ရဲ့ ကိုယ်ဟန်အနေအထား မမှန်တာမျိုးဖြစ်စေပါတယ်။

၅။ အစာချေစနစ်

အစားအသောက်စားရမှာလည်း မသက်မသာဖြစ်စေပြီး အစာမကြေတာမျိုးဖြစ်စေပါတယ်။

၆။ အသက်ရှုဖို့ခက်ခဲခြင်း

အရမ်းကျပ်တဲ့အဝတ်အစားတွေဟာ အသက်ရှုဖို့ခက်ခဲပြီး အသက်ရှုမဝတာမျိုးဖြစ်စေပါတယ်။ အရမ်းကျပ်တဲ့ အတွင်းခံတွေ အဝတ်အစားတွေ သိပ်မဝတ်ပါနဲ့။ အိမ်ပြန်ရောက်ရင်လည်း သက်သောင့်သက်သာရှိတာလေး ပြန်လဲပြီး နေပေးပါ။

၇။ ဝမ်းချုပ်စေခြင်း

ဝမ်းချုပ်ပြီဆိုရင် ကိုယ်စားမိတဲ့အစားအစာတွေကြောင့်လို့ပဲ အဓိကတွေးကြပါတယ်။ ဒါပေမယ့် အစားအစာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ အိကျီ ၤ အဝတ်အစား ကျပ်ကျပ်တွေဝတ်ပေးတာလည်း ဝမ်းချုပ်စေပါတယ်။