တက်တူးသေးသေးလေးတွေက ပုံစံလှရင်လှသလို ကိုယ့်ခန္ဓာကိုယ်မှာ ကြည့်လို့ကောင်းပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင် တက်တူးကြီးကြီးမားမားတွေထက် တက်တူးသေးသေးလေးတွေက ပိုသင့်တော်ပါတယ်။ သင်က တက်တူးသေးသေးလေးတွေထိုးချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ လှမလဲ သိထားသင့်ပါတယ်။

၁။ နားရွက်နောက်မှာ


နားရွက်နောက်မှာ တက်တူးထိုးတဲ့အချိန် မမြင်စေချင်ဘူးဆိုရင် ဆံပင်ချထားလို့ရပါတယ်။ ဆံပင်စည်းထားတဲ့အချိန်မှာတော့ တက်တူးနဲ့ အလန်းဆုံးဖြစ်နေမှာပါ။

၂။ လက်ချောင်းဘေးမှာ


လက်ချောင်းတွေကတော့ ရေနဲ့ထိမိတာ ၊ အလုပ်လုပ်ရတာတွေရှိတာကြောင့် တခြားနေရာတွေထက် တက်တူးမှိန်တာ ပိုမြန်ပါတယ်။ ဒါပေမဲ့ တက်တူးသေးသေးလေးက လက်ချောင်းဘေးမှာ ကြည့်ကောင်းလှပါတယ်။

၃။ လက်ကောက်ဝတ်ပေါ်မှာ


သင်က သင့်တက်တူးသေးသေးလေးကို တခြားသူတွေကို မြင်စေချင်တယ်ဆိုရင်တော့ လက်ကောက်ဝတ်ပေါ်မှာ ထိုးသင့်ပါတယ်။ ဒီတက်တူးက လက်ကောက်တွေ၊ နာရီတွေနဲ့ဖုံးကွယ်ထားမှ မမြင်ရမှာပါ။ ပုံမှန်ဆိုရင်တော့ အလွယ်တကူမြင်နိုင်ပါတယ်။

၄။ Collarbone ပေါ်မှာ


မိန်းကလေးတစ်ယောက်မှာ Collarbone က ကျက်သရေရှိတဲ့နေရာပါ။ ဒီနေရာမှာ တက်တူးသေးသေးလေးထိုးတာကလည်း သင့်ကို ပိုကြည့်ကောင်းစေမှာပါ။ ရင်ဘတ်နဲ့ နီးကပ်နေတာကြောင့်ဒီနေရာက ယောကျာ်းလေးတွေအတွက် Attention ဖြစ်သွားနိုင်တာမို့ သတိထားသင့်ပါတယ်။

၅။ ခါးဘေးမှာ


ဒီနေရာမှာ ထိုးတယ်ဆိုရင်တော့ သင်က ရေကူးဝတ်စုံဝတ်တဲ့အချိန်၊ ခါးတိုအကျ်ီတွေဝတ်တဲ့အချိန်မှာပဲ တခြားသူတွေမြင်မှာပါ။ ကိုယ့်တက်တူးကို သိပ်မပြချင်သူတွေ၊ ဆွဲဆောင်မှုရှိရှိလှချင်သူ မိန်းကလေးတွေ ထိုးသင့်တဲ့နေရာဖြစ်ပါတယ်။

၆။ ခြေခုံဘေးဘက်


သင့်ခြေထောက်ကလည်း တက်တူးသေးသေးလေးတွေထိုးဖို့ နေရာကောင်းဖြစ်ပါတယ်။

၇။ လည်ပင်းနောက်


လည်ပင်းနောက်က တက်တူးကလည်း တခြားသူတွေကို မမြင်စေချင်တဲ့အချိန် ဖုံးကွယ်ထားနိုင်ပါတယ်။

သင်က တက်တူးသေးသေးလေးတွေထိုးချင်တယ်ဆိုရင်တော့ ဒီနေရာတွေက အသင့်တော်ဆုံးပါပဲ။

Source: Allwomen’s talk

By MyStyle Myanmar