မင်္ဂလာပါ ပျိုမေတို့ရေ။ Skincare ပစ္စည်းတွေသုံးတဲ့အခါ တော်တော်များများက ကိုယ်သုံးတဲ့ပမာဏကို သေချာမကြည့်ဘဲ မှန်းပြီးသုံးကြတာများပါတယ်နော်။ များများသုံးမိရင် အသားပါးမှာ (သို့) မြန်မြန်ကုန်မှာဆိုးလို့ နည်းနည်းချင်းချွေတာပြီး သုံးတတ်ကြတဲ့သူတွေရှိသလို မထိရောက်မှာဆိုးလို့ ခပ်များများသုံးကြတဲ့သူတွေလည်း ရှိပါတယ်။ သင်ကကော ဘယ်လိုမျိုး သုံးတဲ့အထဲမှာပါလဲ?

Skincare တွေ ကိုယ့်အသားအရေပေါ် ထိရောက်ဖို့ဆိုရင် နေ့စဉ်သုံးတဲ့ ပမာဏမှန်ဖို့လည်းလိုတာမို့ ဒီတစ်ခေါက်ဆောင်းပါးမှာ လူသုံးများတဲ့ Skincare တွေနဲ့ တစ်နေ့မှာသုံးသင့်တဲ့ပမာဏတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ အရေပြားဆရာဝန်တွေကိုယ်တိုင် အကြံပေးထားတာဖြစ်လို့ ပျိုမေတိုင်းအတွက် အထောက်အကူရစေမှာပါ။

Cleanser

Cleanser က ရေနဲ့ထိတဲ့အခါ အာနိသင်ပျံ့လွယ်တာမို့ များများသုံးဖို့မလိုပါဘူး။ Pump နဲ့ညှစ်ရတဲ့ Cleanser တွဆို တစ်ကြိမ်ညှစ်စာလောက်ပဲသုံးပါ။ Tube ပုံစံဆိုရင်တော့ လက်မခေါင်းတစ်ဝက်လောက်ပဲသုံးပေးရင် လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါတိုင်း မျက်နှာပေါ်ကို ရေနည်းနည်းစွတ်ထားပြီးမှ Cleanser ကိုသုံးပေးပါ။

Toner နဲ့ Essence

Toner နဲ့ Essence လို ပစ္စည်းတွေကို တော်တော်များများက Cotton Pad နဲ့လိမ်းလေ့ရှိကြပေမယ့် ဒါက Product တွေပိုစိမ့်ဝင်ပြီး အကုန်မြန်စေတာမို့ လက်သန့်သန့်နဲ့ လိမ်းပေးတာပိုကောင်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ အဆီပြန်တတ်တဲ့သူတွေအနေနဲ့ Toner ကို T-Zone လိုနေရာတွေမှာ အဓိကထားလိမ်းပေးသင့်ပြီး အများကြီးလိမ်းရင် အသားခြောက်တတ်တာမို့ Dry Skin ရှိသမားတွေက ပုံမှန်ထက် လျှော့ပြီးလိမ်းပေးရပါမယ်။

Serum

နည်းနည်းလေးလိမ်းရုံနဲ့ ထိရောက်တဲ့အထဲမှာ Serum လည်းပါဝင်ပါတယ်။ Serum ကို မျက်နှာမှာ အစက်နည်းနည်းချပေးပြီး မျက်နှာ၊ လည်ပင်းကနေ ရင်ဘတ်အထိ ဖြန့်ပြီးလိမ်းပေးလို့ရပါတယ်။ နဖူးကနေစပြီး အစက်နှစ်စက်လောက်ချကာ၊ နှာခေါင်း၊ မေးစေ့နေရာတွေမှာ တစ်စက်ချင်းစီ၊ ပါးမှာအစက်အနည်းငယ်စီချပြီး လက်နဲ့ခပ်ဖွဖွပုတ်ကာ စိမ့်ဝင်သွားအောင်လိမ်းပေးပါ။

Eye Cream

Eye Cream လိမ်းတဲ့အခါ အပေါ်အောက် မျက်ခွံနှစ်ဖက်လုံးအတွက် လိမ်းဖို့လိုပါတယ်နော်။ လိမ်းတဲ့အခါ ပဲစေ့တစ်စေ့ ပမာဏလောက် သင့်လက်ချောင်းထိပ်ပေါ်မှာတို့ပြီး ဖြန့်လိမ်းပေးပါ။

Moisturizer

မျက်နှာတစ်ခုလုံးအစိုဓာတ်ရဖို့ အကြွေစေ့တစ်စေ့ ပမာဏလောက်သုံးပြီး လိမ်းပေးဖို့လိုတယ်လို့ အရေပြားကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ Moisturizer ကလည်း မတူတဲ့ Skin Type တွေအတွက် သုံးရမယ့်ပမာဏအနည်းငယ်ကွဲနိုင်တာမို့ တကယ်လို့ သင်က အသားအရေပြဿနာသိပ်မရှိတဲ့ Combination Skin ရှိသူဆိုရင် ပုံမှန်ပမာဏကလုံလောက်ပြီး Dry ဖြစ်တဲ့အသားအရေပိုင်ရှင်တွေကတော့ အနည်းငယ်ပိုလိမ်းပေးဖို့ လိုပါတယ်။

Sunscreen

အပြင်ပဲသွားသွား၊ အိမ်မှာပဲနေနေ Sunscreen ကိုမဖြစ်မနေလိမ်းရပါတယ်။ မျက်နှာတစ်ခုလုံးကို သေချာ Coverage ပေးနိုင်ဖို့လိုတာမို့ Sunscreen ကိုတော့ မနည်းအောင်သုံးဖို့အရေးကြီးပါတယ်နော်။ မျက်နှာ၊ လည်ပင်းနဲ့ လက်တွေအထိလိမ်းဖို့ဆိုရင် ဒင်္ဂါးပြားတစ်ပြား Size လောက်နဲ့ညီမျှအောင်သုံးပေးပါ။

Photo Source: Pinterest

By MyStyle Myanmar