လမ်းခွဲခံလိုက်ရတဲ့အချိန် သင်က ကသိကအောင့် ဖြစ်နိုင်ပြီး မခံချိ မခံသာ ဖြစ်နေနိုင်ပါတယ်။ ထားခဲ့ခံလိုက်ရတဲ့အခါ မိန်းကလေး အများစု လုပ်တတ်ကြတာကတော့ တစ်ဘက်လူ ပြန်လာအောင် အတင်းတွယ်ကပ်တာ၊ ထားခဲ့တဲ့သူဆီမှာ သောင်းကျန်းတာ စတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ထားခဲ့ခံလိုက်ရပေမယ့် ရလာမယ့် မမြင်န်ိုင်တဲ့ ဘက်ခြမ်းက ကောင်းကျိုးတွေ ရှိပါတယ်။ ဒါတွေက ဘယ်လိုကောင်းကျိုးတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ သင့်ကို သင်ခန်းစာရစေမယ်

ထားခဲ့ခံလိုက်ရတယ်ဆိုတာ သင်တို့နှစ်ဦးရဲ့ အချစ်ရေးက ပျော်ရွှင်ဖို့ မကောင်းခဲ့လို့ပါပဲ။ တစ်ယောက်တည်း ဖြစ်သွားတာက လတ်ဆတ်တဲ့ စတင်ခြင်း ဖြစ်ပြီး ဒီအရာကနေ သင်ဘာတွေ မှားယွင်းနေခဲ့လဲ သင်ခန်းစာယူနိုင်ပါတယ်။

၂။ စိတ်ရှုပ်စရာတွေ မရှိတော့ဘူး

သင်က သူ့ကို မကြိုက်တဲ့အရာတွေ ရှိမှာပါ။ သင့်ကို စိတ်ရှုပ်စေပေမယ့် သင်က အစစအရာရာ သည်းခံခဲ့ဖူးမှာပါ။ ဒါကိုမှ သင့်ကို ထားခဲ့တယ်ဆိုရင်တော့ သင်က ဒီထက် ပိုသာတဲ့သူနဲ့ ထိုက်တန်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်စရာမလိုတော့ဘဲ လွတ်လွတ်လပ်လပ် ဖွင့်ဟနိုင်ပါပြီ။

၃။ သင့်ကိုယ်သင် ပိုအာရုံစိုက်နိုင်တယ်

Single ဖြစ်သွားတဲ့အခါ သင့်ကိုယ်သင် အချိန်ပိုပေးလာနိုင်ပြီး အရင်ထက် ကိုယ့်အကြောင်းကိုယ် ပိုသိလာပါလိမ့်မယ်။

၄။ လွတ်လပ်မှု

သင်က ထားခဲ့ခံရသူ ဖြစ်တာမို့ သင့်အမှားမရှိတာကြောင့် နောင်တရစရာ မရှိဘဲ လွတ်လွတ်လပ်လပ် စွန့်လွှတ်နိုင်ပါတယ်။ သင့်ဘဝကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ပြီး သင့်သူငယ်ချင်းတွေကို စိတ်ကြိုက် အချိန်ပေးနိုင်ပါတယ်။

၅။ ဖမ်းစရာငါးတွေ ပိုများလာပြီ

အတွဲရှိတုန်းကတော့ ဒီတစ်ယောက် မျက်နှာကိုပဲ လိုက်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ Single ဖြစ်သွားတဲ့အချိန်မှာတော့ သင်ကြိုက်တဲ့သူကို အားရပါးရ လိုက်ကြည့်နိုင်ပြီး လွတ်လပ်စွာ ကြူနိုင်ပါတယ်။

၆။ ပိုက်ဆံပိုစုမိမယ်

လမ်းခွဲခံရတဲ့အချိန် နောက်ထပ် ရမယ့် ကောင်းကျိုးတစ်ခုကတော့ ပိုက်ဆံကုန်သက်သာတာပါ။ ကိုယ့်အတွက်ပဲ ကိုယ် လိုအပ်တာတွေ ဝယ်နိုင်ပြီး ပိုက်ဆံကုန် သက်သာလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar